၁၄ ဇန်နဝါရီ ၂၀၁၆ - ၁၈:၅၇
နေပြည်တော်လမ်းမီးအတွက် ကျပ်သန်းတစ်ထောင်ခန့်လျာထားမှု ထက်ဝက်လျှော့ချရန် ဒီချုပ်အမတ်တင်ပြ

လာမည့်ဘဏ္ဍာ နှစ်တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီက လမ်းမီး အတွက် လျှပ်စစ်ဓာတ်အားခကျပ်သန်းတစ်ထောင်ခန့် လျာထားမှု ကို ထက်ဝက်ခန့်လျှော့ချပြီး ကျေး ရွာမီးလင်းရေးအတွက် ထောက်ပံ့ ပေးသင့်ကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်က ပြည် ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

လျှပ်စစ်မီးများ ထိန်ထိန်ညီးနေသော နေပြည်တော်ရှိ လမ်းတစ်နေရာတွင် စက်ဘီးစီးသွားလာနေသော ဒေသခံတစ်ဦး (ဓာတ်ပုံ − Paula Bronstein/Getty Images)



လာမည့်ဘဏ္ဍာ နှစ်တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီက လမ်းမီး အတွက် လျှပ်စစ်ဓာတ်အားခကျပ်သန်းတစ်ထောင်ခန့် လျာထားမှု ကို ထက်ဝက်ခန့်လျှော့ချပြီး ကျေး ရွာမီးလင်းရေးအတွက် ထောက်ပံ့ ပေးသင့်ကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်က ပြည် ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် နေပြည်တော် လမ်းမီးအတွက် လျှပ်စစ်ဓာတ်အားခကျပ်သန်းတစ်ထောင်ခန့် (ကျပ် ၉၆၁ ဒသမ၇၅သန်း) လျာထားတင်ပြခြင်းသည် အမှန်တကယ်လိုအပ်ခြင်း ဟုတ်၊မဟုတ် စိစစ်ကြည့်ရန်လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ဇန်န၀ါရီ ၁၃ ရက်၌ ကျင်းပသော ပြည်ထောင်စုလွှတ်တော်သို့ တင် ပြခဲ့ခြင်းဖြစ်သည်။

 နေပြည်တော်စည်ပင်သာ ယာရေးကော်မတီ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လျာထားလုပ်ငန်းများစာရင်း အမှတ်စဉ် (၂) လမ်း/တံတားလုပ်ငန်းများအတွက် ကျပ် ၁,၀၉၇ ဒသမ၈၁၇သန်း လျာထားတင်ပြရာ တွင် လမ်း/တံတားပြုပြင်ထိန်း သိမ်းရေးလုပ်ငန်းအတွက် ကျပ် ၁၃၆ဒသမ၀၆၇ သန်း လမ်းမီး အတွက် လျှပ်စစ်ဓာတ်အားခ ကျပ် ၉၆၁ဒသမ၇၅၀သန်း ပါဝင်လျာထားခြင်းဖြစ်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ၏ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြမှုအရသိရသည်။

 နေပြည်တော်နယ်မြေအ တွင်း လမ်းများအတွက် လမ်းမီ တာခပေးချေရာတွင် တစ်လပျမ်း မျှကျပ်သန်း ၆၀ နှင့် ၁၂ လအ တွက် ကျပ်သန်း ၇၂၀ ၊ ဆိုဒီယမ်မီးလုံးနှင့် ဆက်စပ်ပစ္စည်းများဝယ် ယူခြင်းအတွက် ကျပ် ၂၄၁ ဒသမ၇၅ သန်းဖြစ်ရာ ညနေ ၆နာရီမှ မနက် ၆ နာရီအတွင်း ၁၂ နာရီခန့် အတွက် တစ်လမီတာခကျပ်သန်း၆၀ ကုန်ကျရာ တစ်ရက်လျှင် ကျပ် နှစ်သန်း၊ တစ်နာရီလျှင် ကျပ်နှစ် သိန်းခန့် ကုန်ကျမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးမင်းသူက ဆိုသည်။

 မြို့တော်အင်္ဂါရပ်နှင့်အညီ ညအချိန်များ၌ လျှပ်စစ်မီးများ လှပစွာ ထွန်းညှိခြင်း၊ လုံခြုံရေး အရ လိုအပ်သော နိုင်ငံတော်ပိုင် အဆောက်အအုံများအတွက် ထွန်းညှိပေးခြင်းနှင့် ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုး ရေးတို့အတွက် လျှပ်စစ်မီးတိုင် များထွန်းထားခြင်းမှာ လိုအပ် သည်ဆိုသော်လည်း လျှပ်စစ်မီး တိုင်များသည် တစ်တိုင်နှင့် တစ် တိုင်နီးကပ်ခြင်းနှင့် လူသူနှင့် ယာဉ်များသွားလာမှုအလွန်နည်းပါး သော လမ်းမကြီးများ၌ လျှပ်စစ်မီးထွန်းထားခြင်းမှာ လိုအပ်ချက်ဟုတ်၊ မဟုတ်စဉ်းစားသင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက လွှတ် တော်သို့ တင်ပြသည်။

ဇန်န၀ါရီ ၁၃ ရက်က ကျင်း ပသော ပြည်ထောင်စုလွှတ်တော် တွင် ၂၀၁၆ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပ ဒေကြမ်း၏ မူနှင့် အခြေခံသဘော များ၊ ရငွေသုံးငွေများနှင့် ပတ် သက်၍ ဆွေးနွေးရာတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးမင်းသူက ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ယင်း ဆွေးနွေးမှုများအပေါ် ဇန်န၀ါရီ ၁၅ ရက်၌ ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ ပြန်လည်ဆွေးနွေး ရှင်းလင်းတင်ပြခြင်း ဖြစ်သည်။

==================
251 / End