အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အဗ်နာ သတင်း အထောက်အထား အရ ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ သမ္မတ H.I ဒေါက်တာ ဟစန် ရူဟာနီ မှတီဟီရန် မြို့ ရှိ ဆအ်ဒ်အာဗါဒ် Complex တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင်းပင်း အား တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြပါ တယ်။
တရုတ် နိုင်ငံ သမ္မတ ရှီကျင်းပင်း နှင့်တာဝန်ရှိ အဖွဲ့ဝင်များဟာ နှစ်ရက်တာ ခရီး စဉ်အဖြင့် သောကြာ နေ့ ညနေပိုင်း တွင် တီဟီရန် မြို့ မဲဟ်ရာဗါဒ် လေဆိပ်သို့ ဆိုက်ရောက်ခဲ့ကြပါတယ်။
တရုတ် နိုင်ငံ သမ္မတအနေဖြင့် တီဟီရန် ရောက်ပြီး မိမိအနေဖြင့် ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ နှင့် နှစ်ရှည် ၊ရေရှည်တည်တံ့စွာ ပူးပေါင်း ဆောင်ရွက်မှု ကို တိုးတက်အောင် ပြုလို ကြောင်း ပြောကြားခဲ့ပါတယ်။
တရုတ်သမ္မတ အနေဖြင့် အီရန် ခရီးစဉ်တွင် ယဉ်ကျေးမှု၊ ဥပဒေ၊စီးပွားရေးနှင့်နိုင်ငံရေး ဆိုင်ရာ ကဏ္ဍ ၁၇ ခု တွင် အီရန် နိုင်ငံ နှင့် အတူ ပူးပေါင်း ဆောက်ရွက် ဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။
တရုတ်သမ္မတ နှင့် အဖွဲ့ဝင်များ၏ အီရန်ခရီးစဉ် ၏ ရည်ရွယ်ချက်မှာ ရည်ရွယ်ချက်တူများ ကို အကောင်အထည်ဖော် ဆောက်ရွက် နိုင်ရန် ၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ သံတမန် ဆက်ဆံရေး ကိုတိုးမြှင့်နိုင်ဖို့ နှင့် အီရန် နိုင်ငံ နှင့် တရုတ် နိုင်ငံ တို့၏ ယဉ်ကျေးမှု၊ ဥပဒေ၊စီးပွားရေး နှင့်နိုင်ငံရေး ဆိုင်ရာ ကဏ္ဍ များတွင် အတူပူးပေါင်းဆောက်ရွက်မှုများ ကို တိုးပွား အောင်ဆောင်ရွက် ရန် အတွက် ဖြစ်ပါ တယ်။
တရုတ် နိုင်ငံ သမ္မတ ရှီကျင်းပင်း အနေဖြင့် အီရန် နိုင်ငံ နှင့်ဆော်ဒီ နိုင်ငံတို့၏ သံတမန်ရေးရာ အခြေအနေ တင်းမာ မှု ကိုလျော့ချ နိုင်ဖို့ အီရန် နှင့် အပြန်အလှန် ဆွေးနွေးမှုများ ကိုလည်း ပြုခဲ့ပါ တယ်။
==========================
251/End