အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အလ်မီနာ နှင့် မဲဟ် သတင်းဌာန နှစ်ခု ၏ သတင်း အထောက်အထား အရ ဆီးရီးယား နိုင်ငံ ၏ မြို့တော် Damascus မြို့ အနီး ရှိ မဟာတမန်တော်မြတ်ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ) ၏ မြေးတော် ဟဇရသ် ဇိုင်နဗ် (စ.အ) သခင်မ ကြီး ၏ ရောင်ဇာတော် အနီးတွင် ဗုံးပေါက်ကွဲ မှု ဖြစ်ပွားခဲ့ပါတယ်။ ၄၅ ဦး ရှဟီးဒ် ဖြစ် ပြီး အယောက် ၁၁၀ ဒဏ်ရာ ရခဲ့ ကြောင်း သတင်းရခဲ့ပါတယ်။
သတင်းအထောက်အထား များအရ ဟဇရသ် ဇိုင်နဗ် (စ.အ) သခင်မ ကြီး ၏ ရောင်ဇာတော် အနီး ရှိ လမ်းမ ပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ ဒဏ်ရာ ရခဲ့သူ အချို့ ၏ အခြေအနေမှာ စိုးရိမ်ရသည့် အခြေအနေ ဖြစ်ပါတယ်။
ဤလူမဆန်သည့် လုပ်ရပ် အကြမ်းဖက်မှု ကို IS (ခ) ဒါအေရှ် မှ မိမိတို့ လုပ်ခဲ့ကြောင်း ဝန်ခံချက်ကို ထုတ်ပြန်ခဲ့ပါတယ်။











