အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
လက်ပံတောင်းတောင်စီမံကိန်းနှင့်ပတ်သက်၍ ဒီချုပ်အမတ် ဦးကျော်အောင်လွင် ဆွေးနွေးစဉ် တပ်မတော်သားကိုယ်စားလှယ်အားလုံးက မတ်တတ်ရပ်၍ကန့်ကွက်နေကြစဉ်
ပြည်သူ့လွှတ် တော်သို့ တင်သွင်းသည့်အရေး ကြီးအဆိုတစ်ရပ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စား လှယ်တစ်ဦး ဆွေးနွေးနေစဉ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်သော ဆွေးနွေးချက်များ ပါဝင်လာ၍ ပြည်သူ့လွှတ်တော်ရှိ တပ်မတော် သားကိုယ်စားလှယ်အားလုံး မတ် တတ်ရပ် ကန့်ကွက်ခဲ့ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၂၆ရက်တွင် ပြု လုပ်သော ပြည်သူ့လွှတ်တော်အ စည်းအဝေး၌ လွှတ်တော်ကိုယ် စားလှယ်ဒေါ်ခင်စန်းလှိုင်တင် သွင်းသည့် အရေးကြီးအဆိုကို ဒီချုပ်မှ ဦးကျော်အောင်လွင်ဆွေး နွေးနေစဉ်တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်အားလုံးက မတ်တတ်ရပ်ကန့်ကွက်ခဲ့ခြင်းဖြစ် သည်။
‘‘ကြေးနီသာမက ရွှေ၊ ငွေ၊ ယူရေနီယံတွေပါထွက်တယ်ဆို တဲ့ ကြေးနီတောင်၊ စံပယ်တောင်၊ လက်ပံတောင်းတောင်တွေမှာ လည်း ဒေသခံတောင်သူတွေနဲ့ ပတ်သက်ပြီး ဘ၀တွေပေးဆပ်ခဲ့ရ ပြီး ယခုစာချုပ်မတိုင်ခင်က...’’ ဆို သည့် ဆွေးနွေးချက် အရောက် တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦး ၀င်းမြင့်က ဦးကျော်အောင်လွင်၏ အမည်ကိုခေါ်ကာ အဆိုနှင့်ပတ် သက်သည့် ကိစ္စရပ်များကိုသာ ဆွေးနွေးရန်နှင့် မဆိုင်သည့်အ ကြောင်းကိစ္စရပ်များ ထည့်သွင်း ပြောကြားခြင်းမပြုရန် သတိပေး ဟန့်တားခဲ့သည်။
ထိုကဲ့သို့ဥက္ကဋ္ဌက ဟန့်တား သော်လည်း လက်ပံတောင်း တောင်ကြေးနီစီမံကိန်းနှင့်ပတ် သက်သည့် စာချုပ်သစ်ပြန်လည် မချုပ်ဆိုမီက အခြေအနေများကို ဆက်လက်ပြောကြားခဲ့သည်။ ထိုသို့ပြောကြားခဲ့သဖြင့် ၎င်းဆွေးနွေးနေဆဲ၌ပင် တပ်မတော်သားကိုယ်စားလှယ်အားလုံးက မတ်တတ်ရပ်ကာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့်ဆွေးနွေးချက်ကို ကန့်ကွက်ပါကြောင်း လွှတ်တော်ဥက္ကဋ္ဌထံတင်ပြခဲ့သည်။
အရေးကြီးအဆိုတင်သွင်းခဲ့သည့် ဒေါ်ခင်စန်းလှိုင်
‘‘အခုဆွေးနွေးသွားတဲ့လက် ပံတောင်းတောင်ကြေးနီစီမံကိန်း နဲ့ ပတ်သက်လို့ ဆွေးနွေးတာကန့် ကွက်စရာ ရှိပါတယ်။ အခုဆွေး နွေးချက်မှာ ပြည်သူ့လွှတ်တော် ဆိုင်ရာဥပဒေပုဒ်မ ၄၇အရ နည်း ဥပဒေနဲ့ ကွဲလွဲနေတာဖြစ်တဲ့အ တွက် တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒုတိယ ဗိုလ်မှူးကြီး မိုးကျော်ဦးကနေပြီး တော့ ကန့်ကွက်ပါတယ်။ ကန့် ကွက်ရတဲ့ အကြောင်းရင်းက တော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိုပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေး ရေးကော်မရှင်ဖွဲ့စည်းစစ်ဆေးပြီး တော့မှ ကော်မရှင်ရဲ့အကြံပြုချက် ၄၂ ချက်နဲ့အတူ ဆက်လက် ဆောင်ရွက်စေသင့်ကြောင်း တင် ပြချက်အရ နိုင်ငံတော်အစိုးရရဲ့ သဘောတူညီချက်နဲ့ ဆောင်ရွက် နေတဲ့ စီမံကိန်းဖြစ်ပါတယ်’’ ဟု တပ်မတော်သားကိုယ်စားလှယ်ဒုတိယဗိုလ်မှူးကြီးမိုးကျော်ဦးက ပြောသည်။
ထိုသို့ တင်ပြပြီးနောက်အ ထက်ပါ တပ်မတော်သားကိုယ် စားလှယ်က ယင်းစီမံကိန်းနှင့် ပတ် သက်၍ အစီရင်ခံစာပါအချက် များနှင့် ဆောင်ရွက်ထားမှုများ၊ စာချုပ်သစ်ပြန်လည်ချုပ်ဆိုမှု၊ မြေယာလျော်ကြေးပေးမှုများ စ သည်တို့ကို ဆက်လက်တင်ပြပြီး နောက် ဥက္ကဋ္ဌက မူလဆွေးနွေးနေသည့် ဦးကျော်အောင်လွင်ကို ပြန်လည်ဆွေးနွေးစေခဲ့သည်။
ဖေဖော်ဝါရီ ၁ရက်မှ စတင် ကျင်းပသည့် ဒုတိယအကြိမ်ပြည် သူ့လွှတ်တော်အစည်းအဝေးကာလအတွင်းတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအားလုံးက ဆွေးနွေးချက်တစ်ရပ်ကို ကန့်ကွက်ခြင်းသည်ပထမဆုံးအကြိမ်ဖြစ်သည်။
========================
251/End