၂၉ ဖေဖော်ဝါရီ ၂၀၁၆ - ၁၉:၅၃
 အိန္ဒိယတွင် အိမ်သား ၁၄ ဦးကို လူတစ်ဦးက ရက်စက်စွာ သတ်ဖြတ်မှုဖြစ်ပွား

အိန္ဒိယတွင် အမျိုးသား တစ်ဦးက အိမ်သား ၁၄ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မွမ်ဘိုင်းမြို့မှ အသက် ၃၅ နှစ်အရွယ် အမျိုးသားသည် ကလေး ၇ ဦး၊ မိဘများ အပါအဝင် အိမ်သား ၁၄ ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် ၎င်းကိုယ်တိုင်ပါ အဆုံးစီရင်သွားကြောင်း သတင်းများက ဆိုသည်။

အဗ်နာအဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အခင်းဖြစ်ရာ နေအိမ်တွင် တွေ့မြင်ရသည့် ရဲနှင့် မှုခင်းစစ်ဆေးရေး အရာရှိများ။


အိန္ဒိယတွင် အမျိုးသား တစ်ဦးက အိမ်သား ၁၄ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


မွမ်ဘိုင်းမြို့မှ အသက် ၃၅ နှစ်အရွယ် အမျိုးသားသည် ကလေး ၇ ဦး၊ မိဘများ အပါအဝင် အိမ်သား ၁၄ ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် ၎င်းကိုယ်တိုင်ပါ အဆုံးစီရင်သွားကြောင်း သတင်းများက ဆိုသည်။

ဟက်စ်နင် ဝါရီကာသည် အိမ်သားများ၏ အစားအသောက်ထဲတွင် အိပ်ဆေးများ ထည့်ခတ်ပြီး ၎င်းတို့ အိပ်ပျော်နေစဉ် လည်မျိုများကို လှီးဖြတ် သတ်ခဲ့ခြင်းဟု ဒေသခံ မီဒီယာများက ဖော်ပြခဲ့သည်။ မွမ်ဘိုင်းရှိ သာနေး အရပ်မှ နေအိမ်အတွင်း လူသတ်သမား၏ အစ်မက စူးစူးဝါးဝါး အော်ဟစ်နေသည့် အသံကို ကြားရပြီးနောက် အိမ်နီးချင်းများက ရဲကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အိမ်တွင်းလူသတ်ပွဲတွင် ယင်းအမျိုးသမီးမှာ အသက်ရှင် လွတ်မြောက်လာခဲ့သည်။

ဝါရီကာ အနေဖြင့် အိမ်သားများကို အဘယ်ကြောင့် ယခုလို သွေးအေးအေး လုပ်ကြံ သတ်ဖြတ်ရသည် ဆိုခြင်းကိုမူ ရဲများက ရှင်းရှင်းလင်းလင်း အဖြေမထုတ်နိုင်သေးချေ။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပေါ်ပေါက်ခဲ့သည့် ခြောက်ခြားဖွယ် အမှုကြီး အပြီးတွင် ဝါရီကာ၏ အစ်မမှာ ဆေးရုံတွင် ကုသမှု ခံယူနေရပြီး အလွန် စိတ်ထိခိုက် တုန်လှုပ်နေကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဂါဂျာနန် လက်ဇ်မန် ကက်ဘ်ဒူလီက ပြောကြားခဲ့သည်။

“ဝါရီကာက ဓားကြီးတစ်လက်ကို သုံးခဲ့တယ်။ သူ့မိဘတွေရယ်၊ ညီမတွေ၊ အစ်မတွေရယ်၊ ပြီးတော့ တူ၊ တူမတွေရယ်ကို သတ်ပစ်ခဲ့တယ်။ သူက လည်ပင်းတွေကို လိုက်လှီးတာပါ”ဟု ကက်ဘ်ဒူလီက ဆိုသည်။

Press Trust of Indiaက လူသတ်ပွဲတွင် သားကောင်ဖြစ်ခဲ့ရှာသူများအနက် အသက်အငယ်ဆုံးမှာ ၃ လအရွယ် ကလေးမလေး တစ်ဦးဖြစ်ပြီး အသက်အကြီးဆုံးမှာ ဝါရီကာ၏ ၅၅ နှစ်အရွယ် ဖခင်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်က နံနက်အစောပိုင်းက တစ်အိမ်သားလုံး အိပ်မောကျနေချိန်တွင် ဝါရီကာက ယခုလို ရက်စက်စွာ လိုက်လံ သတ်ဖြတ်ခဲ့ခြင်းဟု သိရသည်။ ဒေသခံ မီဒီယာများက အိမ်သားများကို ဝါရီကာက ဆေးခတ်ထားကြောင်း ဖော်ပြသော်လည်း ရဲများက ယင်းအချက်ကို အတည်မပြုသေးချေ။

ဝါရီကာသည် မွမ်ဘိုင်းတွင် စာရင်းစစ်အဖြစ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး လူသတ်မှု ကျူးလွန်ရသည့် စိတ်ဓာတ်ရေးရာ အကြောင်းတရားကို ရဲများက လိုက်လံ စုံစမ်းနေဆဲ ဖြစ်သည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာအဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ