၁ မတ် ၂၀၁၆ - ၁၇:၄၁
ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားကိုယ်စားလှယ်များပထမဆုံးအကြိမ်တွေ့ဆုံ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်အရေးအဓိကထားဆွေးနွေး

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို နေပြည်တော်စည်ပင်ရိပ်သာတွင် ဖေဖော်ဝါရီ ၂၉ရက် ညနေ ၅ နာရီအချိန်၌ ပြုလုပ်ခဲ့သည်။ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် အရေးကို အဓိကထားဆွေးနွေးခဲ့ ကြသော တွေ့ဆုံပွဲသည် သမ္မတရွေးချယ်တင်မြှောက်ရေးလုပ်ငန်းစဉ် ဆောင်ရွက်မည့်ရက်ပြောင်းရွှေ့ခြင်းမကြေညာမီ တစ်ရက်အလိုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို နေပြည်တော်စည်ပင်ရိပ်သာတွင် ဖေဖော်ဝါရီ ၂၉ရက် ညနေ ၅ နာရီအချိန်၌ ပြုလုပ်ခဲ့သည်။

ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် အရေးကို အဓိကထားဆွေးနွေးခဲ့ ကြသော တွေ့ဆုံပွဲသည် သမ္မတရွေးချယ်တင်မြှောက်ရေးလုပ်ငန်းစဉ် ဆောင်ရွက်မည့်ရက်ပြောင်းရွှေ့ခြင်းမကြေညာမီ တစ်ရက်အလိုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်မတို့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဟာ အစိုးရစပြီးထူ ထောင်တာနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ကို ကိုင်တွယ်ပါ့မယ်လို့ ကတိပေးထားတဲ့အတိုင်းပဲလုပ်ပါ့မယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

 တအာင်းပလောင်အမျိုး သားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးပါ တီ၊ ပအိုးဝ်အမျိုးသားအဖွဲ့ချုပ် (PNO) ပါတီနှင့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်တို့မှ တိုင်းရင်းသား ကိုယ်စားလှယ်များက ၎င်းတို့၏ အမြင်များနှင့် ဆန္ဒများကို လွတ် လပ်စွာဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှုများမှာ ငြိမ်းချမ်း ရေးနှင့် ဖက်ဒရယ်အရေးကို အဓိ ကထားပြီး မူးယစ်ဆေးဝါးပြဿနာနှင့် ဒေသဖွံ့ဖြိုးမှုနိမ့်ကျနေမှုတို့ကို တိုင်းရင်းသားများက တင်ပြခဲ့ကြပြီး ဒီချုပ်အစိုးရသစ်က ဖြေရှင်းပေးနိုင်ရန် တောင်းဆိုခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က ဖက်ဒရယ်မူသည် ၂၈ နှစ်လုံးလုံး ဒီချုပ်တောက်လျှောက်စွဲကိုင်ခဲ့ သောမူဖြစ်ကြောင်း တိုင်းရင်း သားကိုယ်စားလှယ်များအား ပြောသည်။

‘‘ဖက်ဒရယ်ဆိုတာ ခွဲထွက် ရေးမဟုတ်ဘူး။ ပူးပေါင်းရေး။ ဗဟိုအစိုးရနဲ့ တိုင်း/ပြည်နယ်အစိုး ရတွေကြားမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လုပ်ပိုင်ခွင့်တွေခွဲ ခြားထားတဲ့စနစ်။ ဖက်ဒရယ်ဆို တာတချို့က ပြောတာခွဲထွက်ရေး လို့။ ဒါဟာမဟုတ်တဲ့အပြင် ဖက် ဒရယ်စနစ်မှန်ကန်တယ်ဆိုလို့ရှိ ရင် ခွဲထွက်ချင်တဲ့စိတ်တွေပါ ပ ပျောက်သွားစေတဲ့အတွက် ပိုပြီး တော့ ညီညွတ်ရေးကိုဖြစ်စေတဲ့ အတွက် ဒီမူကိုကိုင်ပြီး ၂၈ နှစ်လုံး လုံးရပ်တည်ခဲ့ပါတယ်’’ဟု ဒေါ် အောင်ဆန်းစုကြည်က ရှင်းပြ သည်။

ထို့ပြင် အလွှဲအပြောင်းနှင့် ပတ်သက်၍ ‘‘ဒီနိုင်ငံလောက် အ လွှဲအပြောင်းကာလကြာတဲ့ နိုင်ငံ ဆိုတာ ကမ္ဘာပေါ်မှာမရှိပါဘူး။ ကျွန်မတို့က ထိပ်တန်းကပဲ။ ငါး လဆိုတဲ့အချိန်က တခြားဘယ် နိုင်ငံမှာမှ မကြာပါဘူး’’ဟု ရယ် ကာမောကာပြောကြားခဲ့သည်။

 တွေ့ဆုံပွဲသို့ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများအပါအ၀င် ပြည်ခိုင်ဖြိုးပါတီမှ တိုင်းရင်းသား ကိုယ်စားလှယ်များလည်း တက် ရောက်ခဲ့ကြသည်။


======================
251 / End