၁၀ ဧပြီ ၂၀၁၆ - ၁၉:၀၃
အိန္ဒိယ ဘုရားကျောင်း မီးလောင်မှု သေဆုံးသူ ၁၀၀ ကျော်

အိန္ဒိယနိုင်ငံ ကာရာလာပြည်နယ်ရှိ ပူတင်ဂယ်ဘုရားကျောင်း မီးလောင်မှုတွင် သေဆုံးသူပေါင်းမှာ ၁၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်း ရဲဌာနက ဘီဘီစီသို့ ပြောသည်။ မီးလောင်မှုမှာ ဒေသစံတော်ချိန် ဧပြီ ၁၀ ရက် ၃ နာရီခွဲက ဟန္ဒိုနှစ်သစ်ကူးကျင်းပရန်အတွက် အသင့်ထားရှိထားသော မီးရှုးမီးပန်းထားသိုအခန်းမှ စတင်လောင်ကျွမ်းသည်ဟု ဌာနေမီဒီယာများတွင် ဖော်ပြသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်န

အိန္ဒိယနိုင်ငံ ကာရာလာပြည်နယ်ရှိ ပူတင်ဂယ်ဘုရားကျောင်း မီးလောင်မှုတွင် သေဆုံးသူပေါင်းမှာ ၁၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်း ရဲဌာနက ဘီဘီစီသို့ ပြောသည်။

မီးလောင်မှုမှာ ဒေသစံတော်ချိန် ဧပြီ ၁၀ ရက် ၃ နာရီခွဲက ဟန္ဒိုနှစ်သစ်ကူးကျင်းပရန်အတွက် အသင့်ထားရှိထားသော မီးရှုးမီးပန်းထားသိုအခန်းမှ စတင်လောင်ကျွမ်းသည်ဟု ဌာနေမီဒီယာများတွင် ဖော်ပြသည်။

ဘုရားကျောင်းအတွင်းရှိ အဆောက်အအုံ ပြိုကျမှုဖြစ်ပြီး လူများစွာ ထိခိုက်ဒဏ်ရာရသည်။ ဒဏ်ရာရထိခိုက်သူပေါင်း ၂၀၀ ကျော်ထက်မနည်း ရှိနေသည်။

ယင်းမီးလောင်ရာအရပ်သို့ ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက လာရောက်နေပြီဖြစ်သည်။

မီးဘေးနှင့် ပတ်သက်ပြီး စကားလုံးများဖြင့်ပင် ဖော်ပြမရနိုင်အောင် နှလုံးထိခိုက် တုန်လှုပ်ရကြောင်း ဝန်ကြီးချုပ်မိုဒီက တွစ်တာတွင် ရေးသားဖော်ပြသည်။

ဒဏ်ရာရသူ အများစုကလည်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေပြီး အစိုးရဆေးကျန်းမာရေးကောလိပ်တွင် တင်ထားကုသပေးနေရသည်။

သေဆုံးသူအတော်များများမှာ တူးချစ်သွားအောင် မီးလောင်ကျွမ်းထားခြင်းဖြစ်ကြောင်း၊ မည်သူမည်ဝါဖြစ်ကြောင်း ဒီအိုင်အေ သရုပ်ခွဲလျက်ရှိကြောင်း ကာရာလာရဲအကြီးအကဲက ပြောသည်။

"မီးလောင်မှုကနေ လွင့်စင်လာတဲ့ အပိုင်းအစတွေက ကျွန်တော်တို့ ခြံဝင်းအထိရောက်တယ်။"ဟု တစ်ကီလိုမီတာ အဝေးတွင် ရှိသော လူနေရပ်ကွက်နေထိုင်သူတစ်ဦးက ပြောသည်။

မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်း စုံစမ်းစစ်ဆေးရန် ကာရာလာပြည်ထဲရေးဝန်ကြီးက အမိန့်ထုတ်ထားသည်။

ယနေ့နံနက်ပိုင်းတွင် ကာရာလာပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူလည်း မီးလောင်ရာအရပ်သို့ လာရောက်ခဲ့သည်။

===========================
251/End