၂၇ ဧပြီ ၂၀၁၆ - ၁၉:၂၂
ဘူလ်ဂေးရီးယား ရေဘေးသင့်ပြည်သူများအတွက် အစ္စလာမ့်မစ်အဖွဲ့တစ်ခုက အကူအညီများ ပေးပို့

ကမ္ဘာ့မွတ်စလင်လိဂ် MWL ရဲ့အဖွဲ့ခွဲတစ်ခုဖြစ်တဲ့ နိုင်ငံတကာအစ္စလာမ့်မစ် ကူညီကယ်ဆယ်ရေးအဖွဲ့ (IIROSA) ဟာ ဘူလ်ဂေးရီးယားနိုင်ငံက ရေဘေးသင့်ဒုက္ခသည် မိသားစု ၂၅၀၀ ကို စားနပ်ရိက္ခာတွေ ပေးပို့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ကမ္ဘာ့မွတ်စလင်လိဂ် MWL ရဲ့အဖွဲ့ခွဲတစ်ခုဖြစ်တဲ့ နိုင်ငံတကာအစ္စလာမ့်မစ် ကူညီကယ်ဆယ်ရေးအဖွဲ့ (IIROSA) ဟာ ဘူလ်ဂေးရီးယားနိုင်ငံက ရေဘေးသင့်ဒုက္ခသည် မိသားစု ၂၅၀၀ ကို စားနပ်ရိက္ခာတွေ ပေးပို့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

IIROSA အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ အဟ်ဆန် ဘင် ဆာလေ တိုင်ယစ်ဘ်က အခုပေးပို့လိုက်တဲ့ အကူအညီဟာ ရေဘေးဒုက္ခဒဏ် ခံစားနေရတဲ့ ပြည်သူတွေအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ရေလွှမ်းမိုးမှုဒဏ်ကို ခံစားနေရတဲ့ ဝေးလံခေါင်းဖျားတဲ့ဒေသတွေက ပြည်သူတွေဟာ အကူအညီတွေကို အလျင်အမြန် လိုအပ်နေပြီး IIROSA ရဲ့ အခု လှူဒါန်းမှုဟာ ပထမအကြိမ်ဖြစ်ကာ နောက်ထပ် လှူဒါန်းပေးပို့မှုတွေ ပြုလုပ်သွားမယ်လို့လည်း တိုင်ယစ်ဘ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

Ref: IINA
==================================
251 /End