အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဘာသာတစ်ခုနှင့်တစ်ခု၊ လူမျိုးတစ်မျိုးနှင့် တစ်မျိုးကြား အမုန်းပွားပြီး ပဋိပက္ခများဖြစ်စေ ရန် ပြုမူပြောဆို လုပ်ဆောင်ခြင်း များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဆန့်ကျင်ခြင်းဖြစ်ပြီး ဒီမိုကရေ စီအပြောင်းအလဲတွင် ဆန့်ကျင် ဘက်လှိုင်းများ ရိုက်ခတ်မှုကို သတိပြုရန်လိုအပ်ကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
‘‘၃၆၄ (ဖွဲ့စည်းပုံအခြေခံ ဥပ ဒေပုဒ်မ ၃၆၄)မှာ ဘာသာရေးကို နိုင်ငံရေးအရ အသုံးမပြုရဘူးလို့ ပြောပါတယ်။ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ ဘာသာတစ်မျိုးနဲ့တစ်မျိုး ပဋိ ပက္ခဖြစ်မယ်၊ မုန်းတီးစိတ်ဖြစ်မယ် ဆိုတဲ့ အပြုအမူတွေလုပ်ခဲ့ရင်၊ ပြောခဲ့ရင်၊ ဆိုခဲ့ရင် အခြေခံဥပဒေ နဲ့ ဆန့်ကျင်တယ်’’ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
ဧပြီ ၂၈ ရက်က မန္တလေးမြို့ ခံ ဘာသာပေါင်းစုံအဖွဲ့အစည်း များ၊ မြို့မိမြို့ဖများ စုပေါင်းကာ ကျင်းပပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့ သစ်အား ဂုဏ်ပြုကြိုဆိုပွဲ အခမ်း အနားတွင် ၎င်းကပြောကြားခဲ့ခြင်း ဖြစ်သည်။
‘‘ဒီမိုကရေစီကို သွားတဲ့အချိန်မှာ ဒီမိုကရက်တစ်လှိုင်းကြီးရင် ကြီးသလို ဒီမိုကရက်တစ်နဲ့ ဆန့် ကျင်တဲ့ လှိုင်းကြီးတွေလည်း အကြီးကြီးဖြစ်တတ်ပါတယ်။ ဒါတွေကို သတိမူမိဖို့ လိုပါတယ်’’ဟု ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
ပြီးခဲ့သည့် အစိုးရလက်ထက်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေး၊ မိတ္ထီလာ စသည့်မြို့ကြီးများ၌ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခအသွင် အုပ်စုဖွဲ့အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ လတ်တလောတွင်လည်း မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့၌ ကောလာဟလများ ပျံ့နှံ့နေ၍ ဒေသခံအချို့ စိုးရိမ်ထိတ်လန့်လျက်ရှိသည်။
လူတိုင်းသည် ငြိမ်းချမ်းရေးကို လိုချင်မက်မောပြီး အစိုးရသစ်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်လာသူများအနေဖြင့် အမုန်းစကားများ ဖြန့်ဝေခြင်းမပြုလုပ်ဘဲ ငြိမ်းချမ်းရေးအတွက် ကိုယ်တိုင်ပါဝင်ကြရန် ဒေါက်တာ ဇော်မြင့်မောင်က တိုက်တွန်းပြောကြားသည်။
===========================================
251/End