၂၉ မေ ၂၀၁၆ - ၁၉:၂၂
တောင်ကြီးတွင် ကျောင်းအပ်နှံမှု ငွေကြေးမပေးရေးလှုပ်ရှားမှု ဆောင်ရွက်

ကျောင်းအပ်နှံသည့် အချိန်တွင် အခြေခံပညာကျောင်းများ၌ ငွေကြေးပေး၍ အပ်နှံခြင်းမပြုကြရန် အသိပညာပေးသည့် လှုပ်ရှားမှုကို မေလ တတိယပတ်အတွင်း တောင်ကြီးမြို့၌ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။ ကျောင်းအပ်နှံချိန်တွင်လာဘ် ပေး လာဘ်ယူမှုများ ပပျောက်စေ ရေး အဓိက ဦးတည်ချက်အဖြစ် လှုပ်ရှားဆောင်ရွက်နေခြင်း ဖြစ် သည်ဟု ဦးဆောင်သူ Anti Co-rruption Team (Shan) အဖွဲ့မှ ဒေါ်နန်းဇာနည်အေးက ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


 ကျောင်းအပ်နှံသည့် အချိန်တွင် အခြေခံပညာကျောင်းများ၌ ငွေကြေးပေး၍ အပ်နှံခြင်းမပြုကြရန် အသိပညာပေးသည့် လှုပ်ရှားမှုကို မေလ တတိယပတ်အတွင်း တောင်ကြီးမြို့၌ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ကျောင်းအပ်နှံချိန်တွင်လာဘ် ပေး လာဘ်ယူမှုများ ပပျောက်စေ ရေး အဓိက ဦးတည်ချက်အဖြစ် လှုပ်ရှားဆောင်ရွက်နေခြင်း ဖြစ် သည်ဟု ဦးဆောင်သူ Anti Co-rruption Team (Shan) အဖွဲ့မှ ဒေါ်နန်းဇာနည်အေးက ပြောကြားသည်။

‘‘မူ၊ လယ်၊ အထက်တန်း ကျောင်းတွေမှာ ကျောင်းအပ်နှံ ချိန် သိသင့်သိထိုက်တဲ့ ပညာရေး ဌာနက ထုတ်ဝေထားတဲ့အသိ ပ ညာပေးစာတန်းတွေကို မိဘတွေ သိရှိအောင် ဗီနိုင်းတွေနဲ့လိုက်ကပ် ပြီး ကြေညာပေးတယ်။ စာအုပ် ပေးတယ်ဆိုလည်း စာအုပ်ဘယ် နှအုပ်ရတယ် သိရှိအောင်၊ အဓိ ကကတော့ ပိုက်ဆံပေးပြီးကျောင်း အပ်နှံတာတွေ မပြုလုပ်ရဘူးဆို တာ သိရှိအောင် ဆောင်ရွက်ပေး ခြင်းဖြစ်တယ်’’ဟု ဒေါ်နန်းဇာနည် အေးကပြောသည်။

လတ်တလော အခြေအနေ တွင် အသိပညာပေး အစီအစဉ် ဖြင့် လာဘ်ပေးလာဘ်ယူ လျော့ နည်းစေရန်သာ ရည်ရွယ်ထားပြီး လာဘ်ပေးလာဘ်ယူမှု ပြုလုပ်မှု များသည်ဟု နာမည်ထွက်သည့် ကျောင်းများကို စာရင်းကောက် ယူ မှတ်သားထားမည်ဟု Anti Corruption Team (Shan) အဖွဲ့ မှ သိရသည်။

‘‘နောက်ပိုင်းတော့ ဥပဒေ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးလာဘ် ပေးလာဘ်ယူလုပ်နေတာတွေရှိခဲ့ ရင် အရေးယူဖို့အထိ ဆောင်ရွက် မယ်’’ဟု ဒေါ်နန်းဇာနည်အေးက ပြောသည်။

ယင်းလှုပ်ရှားမှုကို ယခုနှစ်

ကျောင်းဖွင့်ချိန်မတိုင်မီ ရက်သတ္တ ပတ်ကျော် အသိပညာပေး လုပ် ဆောင်မည်ဖြစ်ပြီး တောင်ကြီး မြို့ရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများ  ရှေ့ တွင်  ဆောင်ရွက်မည်ဖြစ်ကာ တောင်ကြီးမြို့ရှိ ရှမ်းတောင်လူငယ်ကွန်ရက် အဖွဲ့ဝင်များ၊ အ မျိုးသမီး အဖွဲ့ဝင်များ၊ လီဆူ လူ ငယ်အဖွဲ့နှင့် Anti Corruption Team (Shan) အစရှိသည့်အရပ် ဘက် လူမှုအဖွဲ့အစည်းများ ပူး ပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။


===============
251/End