၁ ဇူလိုင် ၂၀၁၆ - ၁၉:၀၂
မည်သည့်ပြိုင်ဘက်ကိုမျှ ကြောက်စရာမလိုဟု အားကစားသမားများအား ဒေါ်အောင်ဆန်းစုကြည်အားပေး

မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သည်များ ပံ့ပိုးပေးမည်ဖြစ်ကြောင်းနှင့် မည်သည့်ပြိုင်ဘက်အသင်းကိုမျှ ကြောက် ရန်မလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာပြိုင်ပွဲများအတွက် ပြင်ဆင်လေ့ကျင့်နေသည့် အားကစားသမားများနှင့်တွေ့ဆုံရာ၌ ပြောကြားသည်။အစိုးရသစ်လက်ထက် နိုင်ငံ တော် အကြီးအကဲတစ်ဦး နေ ပြည်တော်အားကစားတက္ကသိုလ် အပါအ၀င် အားကစားကွင်းနှင့် အားကစားလေ့ကျင့်ရေးရုံများသို့ ဇွန်လ ၃၀ ရက်က ပထမဦးဆုံးအ ကြိမ် သွားရောက်ကြည့်ရှုစစ်ဆေး ခြင်းဖြစ်သည်။ နေပြည်တော်တွင် လက်ခံကျင်းပမည့် (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ လူငယ်ဘော်လီဘော (အမျိုးသား)ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် ဘော်လီဘော အားကစားသမားများနှင့် ပြည်ပဖိတ်ခေါ်ပြိုင်ပွဲများအတွက် ပြင်ဆင်နေသည့် ပိုက်ကျော်ခြင်း အားကစားသမားများနှင့် တွေ့ဆုံစဉ် အားပေးစကားပြောဆိုရာ၌ယင်းသို့ ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သည်များ ပံ့ပိုးပေးမည်ဖြစ်ကြောင်းနှင့် မည်သည့်ပြိုင်ဘက်အသင်းကိုမျှ ကြောက် ရန်မလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာပြိုင်ပွဲများအတွက် ပြင်ဆင်လေ့ကျင့်နေသည့် အားကစားသမားများနှင့်တွေ့ဆုံရာ၌ ပြောကြားသည်။အစိုးရသစ်လက်ထက် နိုင်ငံ တော် အကြီးအကဲတစ်ဦး နေ ပြည်တော်အားကစားတက္ကသိုလ် အပါအ၀င် အားကစားကွင်းနှင့် အားကစားလေ့ကျင့်ရေးရုံများသို့ ဇွန်လ ၃၀ ရက်က ပထမဦးဆုံးအ ကြိမ် သွားရောက်ကြည့်ရှုစစ်ဆေး ခြင်းဖြစ်သည်။

နေပြည်တော်တွင် လက်ခံကျင်းပမည့် (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ လူငယ်ဘော်လီဘော (အမျိုးသား)ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် ဘော်လီဘော အားကစားသမားများနှင့် ပြည်ပဖိတ်ခေါ်ပြိုင်ပွဲများအတွက် ပြင်ဆင်နေသည့် ပိုက်ကျော်ခြင်း အားကစားသမားများနှင့် တွေ့ဆုံစဉ် အားပေးစကားပြောဆိုရာ၌ယင်းသို့ ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

‘‘အားကစားစိတ်ဓာတ် အ ပြည့်နဲ့  နိုင်အောင် ကစားကြဖို့ အားကစားသမားတွေကို အား ပေးတိုက်တွန်းတာပေါ့။ ဘယ် ပြိုင်ဘက်အသင်းကိုမှ ကြောက် နေစရာမလိုဘူးပေါ့။ လိုအပ်တာ တွေကိုလည်း တင်ပြဖို့ ပြောသွား ပါတယ်။ ပံ့ပိုးမှုတွေ လုပ်ပေးသွား မယ်ပေါ့။ အားကစားသမားနဲ့ တွေ့တယ်။ အားနည်းချက်၊ အား သာချက်တွေ သုံးသပ်ဖို့ပေါ့။ သိပ်ပြီး ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ အားပေးစကားပြောသွားတယ်’’ဟု ပိုက်ကျော်ခြင်း အဖွဲ့ချုပ်အတွင်းရေးမှူး ဦးကျော်ဇင်မိုးက ပြောသည်။

အသက် (၁၈)နှစ်အောက် အရှေ့တောင်အာရှ လူငယ်ဘော် လီဘောပြိုင်ပွဲကို သြဂုတ် ၂ ရက် မှ ၆ ရက်အထိ နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပ မည်ဖြစ်ပြီး မြန်မာ၊ ထိုင်း၊အင်ဒိုနီး ရှား၊ စင်ကာပူ စသည့် အာဆီယံ နိုင်ငံများနှင့် ဧည့်သည်အသင်း များအဖြစ် မော်လဒိုက်၊ နယူးဇီ လန်နိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

 ‘‘အမေစုက အားကစား ကွင်းရုံတွေကို လာပြီးစစ်ဆေးရင်း နဲ့ ၀ဏ္ဏသိဒ္ဓိ(GYM) အားကစားရုံ မှာ လေ့ကျင့်နေတဲ့ ကျွန်တော်တို့ ဘော်လီဘော အဖွဲ့ကို အားပေး စကားပြောတာပေါ့။ အားကစား သမားတွေအနေနဲ့ နိုင်ငံတော်အ တွက် ကြိုးစားကြဖို့အတွက် အား ပေးတိုက်တွန်းစကားတွေ ပြော သွားတာပါ။ ကျန်တာတော့မမှတ် မိတော့ဘူး’’ ဟု မြန်မာ လူငယ် ဘော်လီဘောအသင်းမှ နည်းပြ ဆရာတစ်ဦးက ပြောသည်။

‘‘နိုင်ငံတော်  အကြီးအကဲ တစ်ဦးက အခုလို  လာအားပေးတဲ့ အတွက် အများကြီး အားရှိပါ တယ်။ ကလေးတွေ အနေနဲ့ ပိုပြီး တော့ ကြိုးစားချင်စိတ်လည်းဖြစ် တယ်။ အရင်ကတည်းကလည်း ကြိုးစားချင်စိတ် ရှိပြီးသားပေါ့။ အခုဟာက ပိုပြီး အားတက်ပါ တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် အားကစား လေ့ ကျင့်ရေး စခန်းသို့ လာရောက် သည့်အပေါ် ပြေးခုန်ပစ်နည်းပြ ဒေါ်ခင်ခင်ထွေးက ပြောသည်။

ထို့ပြင် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်သည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ မြန်မာ့လက်ရွေးစင် အားကစား သမားများ၏ ကျန်းမာရေးစောင့် ရှောက်မှု ဆောင်ရွက်လျက် ရှိ သည့် Sports Medical Center သို့ သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်ကုသမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

===================    
251 / End