အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
(၁၆၉) ကြိမ်မြောက် မဂ်ျမယေ ဂျဟာနီအဲဟ်လေ့ဘိုက်(သ) (အ.စ) အဓိပတိ လူကြီး များ ၏ အစည်းအဝေး ယနေ့ ဇူလိုင်လ ၂၁ရက်နေ့ ညနေခင်းပိုင်းတွင် ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ ကွမ်း မြို့တော်တွင် ကျင်းပခဲ့ပါတယ်။
ဤအစည်းအဝေးပွဲတွင် မဂ်ျမယေ ဂျဟာနီအဲဟ်လေ့ဘိုက်(သ) (အ.စ) အဓိပတိ လူကြီး များဖြစ်ကြသည့် အာယာသွလ္လာဟ်များ ၊ဟွဂ်ျဂျသွလ်အစ္စလာမ်များ ((မော်အ်စင်မိုဂ်ျသဟစ်ဒ်ရှ်ဗ်ဗေစ်သရီ ၊ ကိုရ်ဗန် အလီနဂျဖ်အာဗါဒ်ဒီ ၊ ဆယက်ဒ် အဘူလ် ဟစန် နဝါဗ် ၊ မိုဟမ္မဒ် ဟစန် အခ်သရီ၊မိုဟမ္မဒ်အလီသက်စ်ခီရီ ၊ မိုအ်စင်ကွမ်းမီ၊ မဲဟ်မူဒ်မိုဟမ္မဒ်ဒီ အီရာကီ၊ ဆယက်ဒ်အဲဟ်မဒ် ခါသေမီ ၊မဲဟ်ဒီ ဟာဒဝီ တီဟီရန်နီ ၊ အဗူဇဲရ်အီဗရာဟီမီတူရ်ကမန် )) တို့ တက်ရောက်နေရာယူခဲ့ကြပါတယ်။
ထိုနည်းတူစွာ မဂ်ျမယေ ဂျဟာနီအဲဟ်လေ့ဘိုက်(သ) (အ.စ)၏ ဟွဂ်ျဂျသွလ်အစ္စလာမ် မိုဟမ္မဒ်စာလာ ( အပြည်ပြည်ဆိုင်ရာ တာဝန်ခံအရာရှိ ) ၊ အလီရေဇာ အီမာန်နီ မိုကဒမ် ( ယဉ်ကျေးမှုဆိုင်ရာ တာဝန်ခံ အရာရှိ ) ၊ ဆယက်ဒ် ဟိုစိန်နီအာရေဖ် (အိုင်တီဒါရိုက်တာ ) ၊ခါခ်ရန်ဒ် ( အာဖရိကနှင့်အာရပ်များဆိုင်ရာ ညွှန်ကြား ရေးမှူးချုပ်) တို့လည်းပါဝင်နေရာယူခဲ့ကြောင်း သိရပါတယ်။
ဤအစည်းအဝေးတွင် ဘာရိန်း နိုင်ငံ ၏ နောက်ဆုံး အခြေအနေများ၊အာယာသွလ္လာဟ် အီစာ ကာစင် ကို ဘာရိန်း နိုင်ငံ သားအဖြစ်မှ မတရား ရပ်စဲ လိုက်ခြင်းကိစ္စ များကို အကျယ်တဝင့် ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။
နောက်ဆုံးတွင် ဟွဂ်ျဂျသွလ်အစ္စလာမ် ဆယက်ဒ် ဟိုစိန်နီအာရေဖ် (အိုင်တီဒါရိုက်တာ ) နှင့် အဗ်နာ သတင်းဌာန ဥက္ကဋ္ဌ မှ မိမိ တာဝန်ယူထားသည့် ကဏ္ဍ များ နှင့်ပတ်သက်ပြီး အစီရင်ခံစာ များကို ဆွေးနွေး တင်ပြ ခဲ့ပါတယ်။
===============
251/ End