အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဧရာဝတီမြစ်ရေမြင့် တက်လာ၍ ဌာနဆိုင်ရာများအား လုံးအဆင်သင့်ပြင်ဆင်ထားပြီး စိုးရိမ် ရသည့်အခြေအနေမရောက်ရှိနိုင်ကြောင်း မန္တလေးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးဦးဝင်း ဇော်နိုင်က ပြောကြားသည်။
မန္တလေးမြို့တွင် ဧရာဝတီ မြစ်ရေသည် ဇူလိုင် ၃၀ရက်ညနေ ၄နာရီခွဲအချိန်တိုင်းတာချက်အရ ၁၂၉၇ စင်တီမီတာသို့ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်အထက် တစ်ပေခွဲခန့် မြင့်တက်နေခြင်းဖြစ်သည်။
‘‘ကမ်းနားလမ်းကိုရေကျော် နိုင်တဲ့အနေအထားက သုံးပေနီး ပါးလောက်ကျန်သေးတယ်။ မ နက်ဖြန်ကို တစ်ပေခွဲလောက် ဆက်တက်နိုင်တဲ့အနေအထားရှိ ပါတယ်။ မနက်ဖြန်တစ်ပေခွဲ လောက်မြင့်တက်လာပြီး ပြန်ကျ သွားမယ်လို့ အားလုံးကတွက် ချက်ထားပါတယ်’’ဟု ဦးဝင်းဇော် နိုင်ကပြောသည်။
မန္တလေးတွင် ဧရာဝတီမြစ် ရေမြင့်တက်လာခြင်းကြောင့် မြစ် ကြောင်းတစ်လျှောက်သတိပေး ကြေညာချက်များထုတ်ပြန်ထား ပြီး အန္တရာယ်ရှိနေရာများစောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းထားကာ ရဲတပ်ဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ အသင့်ထားရှိထားသည်ဟု မန္တလေးခရိုင်အုပ်ချုပ်ရေးမှူးက ဆိုသည်။
ဇူလိုင် ၃၀ရက်တွင် ဧရာဝ တီမြစ်ရေမြင့်တက်လာမှုနှင့်ပတ် သက်၍ တိုင်းဒေသကြီးဝန်ကြီး ချုပ်ဒေါက်တာဇော်မြင့်မောင်နှင့် ၀န်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ မြစ်ကြောင်းတစ်လျှောက် သွားရောက်ကြည့်ရှုခဲ့ပြီး ၀န်ကြီးချုပ်က မြစ်ရေစီးကြောင်း ကောင်းမွန်ရန် ရေလမ်းလွှဲခြင်း၊ ရေလမ်းကြောင်းများ ရှင်းလင်းခြင်းများဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများသို့ ညွှန်ကြားခဲ့သည်။
ဧရာဝတီမြစ်ရေသည် မန္တ လေးတွင် ဇူလိုင် ၂၈ရက် ညမှစကာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်မြင့်တက်ခဲ့ပြီးမန္တလေးမြို့အမရပူရ၊ ပုသိမ်ကြီး၊ တံတားဦးနှင့် မန္တလေးဧရာဝတီမြစ်ကြောင်း တစ်လျှောက်ကျေးရွာအချို့ ရေ၀င်နစ်မြုပ်မှုများရှိကြောင်း ဒေသခံများက ပြောသည်။
ဧရာဝတီမြစ်ရေသည် အ ထက်မြန်မာပြည် ဗန်းမော်၊ ရွှေ ကူ၊ ကသာတို့တွင် ဇူလိုင် ၂၇ ရက်က စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိခဲ့ပြီး ဇူလိုင် ၃၀ရက်တွင် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အောက် သုံးပေကျော်ပြန်လည်ကျဆင်းခဲ့ခြင်းကြောင့် မန္တလေးမြို့တွင်လည်း တစ်ရက်ခန့်ကြာပြီးနောက် စိုးရိမ်ရေမှတ်အောက်ကျဆင်းမည်ဟု တိုင်းဒေသကြီးအစိုးရက ခန့်မှန်းထား သည်။
===================
251 / End