၆ ဩဂုတ် ၂၀၁၆ - ၁၉:၂၃
လာအိုသမ္မတနှင့် ဇနီး မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး နေ့ချင်းပြန်လာရောက်

လာအိုနိုင်ငံသမ္မတနှင့် ဇနီးတို့သည် မြန်မာနိုင်ငံသို့ ချစ် ကြည်ရေးခရီးစဉ်အဖြစ် သြဂုတ် ၅ ရက်က နေ့ချင်းပြန်ခရီး လာ ရောက်လည်ပတ်ခဲ့ကြောင်း သ တင်းရရှိသည်။ လာအို ပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ ဘွန်ညံဗိုရာချစ်နှင့် ဇနီးမစ္စစ်ခမ် မွမ်းဂ်ဗိုရာချစ်တို့သည် နေပြည် တော်သို့ နံနက် ၉ နာရီ ၄၅ မိနစ် ခန့်က ရောက်ရှိလာပြီး နိုင်ငံတော် သမ္မတဦးထင်ကျော်က နိုင်ငံတော် သမ္မတ အိမ်တော် မြက်ခင်းပြင်၌ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့ ကာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ အိမ်တော် ဧည့် ခန်းမတွင် တွေ့ဆုံခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လာအိုနိုင်ငံသမ္မတနှင့် ဇနီးတို့သည် မြန်မာနိုင်ငံသို့ ချစ် ကြည်ရေးခရီးစဉ်အဖြစ် သြဂုတ် ၅ ရက်က နေ့ချင်းပြန်ခရီး လာ ရောက်လည်ပတ်ခဲ့ကြောင်း သ တင်းရရှိသည်။

လာအို ပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ ဘွန်ညံဗိုရာချစ်နှင့် ဇနီးမစ္စစ်ခမ် မွမ်းဂ်ဗိုရာချစ်တို့သည် နေပြည် တော်သို့ နံနက် ၉ နာရီ ၄၅ မိနစ် ခန့်က ရောက်ရှိလာပြီး နိုင်ငံတော်  သမ္မတဦးထင်ကျော်က နိုင်ငံတော် သမ္မတ အိမ်တော် မြက်ခင်းပြင်၌ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့ ကာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ အိမ်တော် ဧည့် ခန်းမတွင် တွေ့ဆုံခဲ့သည်။

ထို့နောက် မြန်မာ-လာအို နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြီး နှစ်နိုင်ငံ ပူးတွဲကော်မ ရှင်အစည်းအဝေး ဆက်လက် ကျင်းပရေး၊ နယ်စပ်ဒေသဗဟို အာဏာပိုင်အဖွဲ့ အစည်းအဝေး ကျင်းပရေးဆိုင်ရာများ၊ နှစ်နိုင်ငံ ကူးလူးဆက်ဆံရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် နှစ်နိုင်ငံ နယ် စပ်ဒေသ ငြိမ်းချမ်းရေး၊ သာယာဝ ပြောရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေးအတွက် ပူးတွဲ ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား နယ်နိမိတ်မှတ်တိုင်များ ပူးတွဲပြင် ဆင်သွားရေး၊ ရန်ကုန်-ဗီယင် ကျန်း၊ လွမ်ပရာဘွမ်-ပုဂံ တိုက် ရိုက်ပျံသန်းမည့် လေကြောင်းခရီး စဉ်များ ပြန်လည်စိစစ်ဆောင်ရွက် ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနများက ထုတ် ပြန်သည်။

 လာအို သမ္မတနှင့် ဇနီးတို့ သည် ညနေပိုင်းတွင် နေပြည် တော်မှ ဗီယင်ကျန်းမြို့သို့ ပြန် လည်ထွက်ခွာသွားခဲ့သည်။

 ဒီချုပ်အစိုးရတာဝန်လွှဲပြောင်းယူပြီး ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် လာအိုနိုင်ငံသို့ မေလ ၆ ရက်တွင် သွားရောက်ပြီးသုံးလအကြာ၌ လာအိုနိုင်ငံသမ္မတကယခုကဲ့သို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့ခြင်းဖြစ်သည်။

===================
251 / End