၁၈ ဩဂုတ် ၂၀၁၆ - ၁၇:၅၅
အိန္ဒိယလုံခြုံတပ်သားများ၏ ရိုက်နက်မှု ကြောင့် တက္ကသိုလ် ပါမောက္ခ တစ်ဦး သေဆုံး

အိန္ဒိယလုံခြုံ တပ်သားများ၏ ကရှ်မီးပြည်နယ်တွင် ရိုက်နက်ပြိုခွဲ ကြောင့် တက္ကသိုလ် ပါမောက္ခ တစ်ဦး သေဆုံးခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဲဟ်သတင်းဌာန ၏ သတင်း အထောက်အထား အရ အိန္ဒိယလုံခြုံတပ်သားများ၏ ကရှ်မီးပြည်နယ် တွင် ရိုက်နက်ပြိုခွဲ ကြောင့် တက္ကသိုလ် ပါမောက္ခ တစ်ဦး သေဆုံးခဲ့ရပါတယ်။ သတင်း အထောက်အထားများ အရ အိန္ဒိယ လုံခြုံရေး တပ်များမှ ဗလ်ဝါမေ ပြည်နယ် ရှိ ရွာကို မနေ့ည က ဝန်း ရံထားပြီး တက္ကသိုလ် ပါမောက္ခ ရှဘီးရ်အဲဟ်မဒ် နှင့်တစ်ကွ ၁၀ယောက်မနည်း ကျောင်းသား များကို ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပါတယ်။

ရွာသူရွာသားများ ၏ သတင်းပေးပို့ချက်အရ ယနေ့မနက်တွင် အိန္ဒိယ လုံခြုံရေးတပ်မှ ပါမောက္ခ ရှဘီးရ်အဲဟ်မဒ် ၏ အလောင်းကို အိမ်သားများကို ပေးခဲ့ကြောင်း သိရပါတယ်။

ရဲအနေဖြင့် ရှဘီးရ်အဲဟ်မဒ် သေဆုံးကြောင်းကို အတည်ပြု ခဲ့ပါတယ်။ သတင်းအရလုံခြုံရေး တပ်များအနေဖြင့် အိန္ဒိယ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ကို ပြိုခွဲ ခဲ့ကြောင်း ၊ ရဲအရာရှိ တစ်ဦး အနေဖြင့် ဆန္ဒပြသူများကို အမည် မဖော်ပြသည်ကို အကြောင်းပြပြီး ရိုက်နက် ခဲ့ရာ ရှဘီးရ်အဲဟ်မဒ်နှင့် ကျန်၂၅ ဦး ဒဏ်ရာအနည်းငယ် ရခဲ့သည်ဖြစ် ကြောင်းပြောကြားခဲ့ပါတယ်။

အိန္ဒိယ လုခြုံရေး တပ် ၏ ပြောရေးဆိုခွင်ရှိသူအနေဖြင့် ပါမောက္ခ ရှဘီးရ်အဲဟ်မဒ်၏ သေဆုံးမှု နှင့် ပတ်သက်ပြီး စိစစ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထင်ရှားစွာ သိထားရမည် အချက်မှာ ဇူလိုင်လ ၇ရက်နေ့ကို အလ်မိုဂျာဟေဒီးန် အဖွဲ့၏ ဒေသခံ ကွန်မန်တို ဗိုဟန်န်ဝါနီ သေဆုံးပြီးနောက် အိန္ဒိစစ်တပ်၏ ပစ်မှတ်အတွင်း ကရှ်မီးပြည်နယ်သား ၇၅ ဦးကျော် ရောက်ရှိခဲ့ရပါတယ်။

============================

251/End