မေးခွန်း ။ ။ ရွှေ ထည် ပစ္စည်း နှင့်ပတ်သက်ပြီး သိထားရမည့် အချက်လေးများကို ဖော်ပြပေးပါ။
အဖြေ ။ ။ ရွှေ ထည် ပစ္စည်း နှင့်ပတ်သက်ပြီး သိထားရမည့် အချက်လေး ၅ ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ နာမဲဟ်ရာမ်များ အရှေ့ တွင် ရွှေနှင့်အလှဆင်ခြင်းသည်အမျိုးသမီးများ အတွက် နမာဇ်အတွင်း ဖြစ်စေ ၊နမာဇ် မဟုတ်သည်အချိန်တွင်ဖြစ်စေ မိုဘာ ဖြစ်ပါတယ်။ သို့သော် ယောက်ကျား သားများ အတွက် အလှအတွက်ဖြစ်စေ ၊ အလှအတွက် မဟုတ်သည်ဖြစ်စေ ဟရာမ် ဖြစ်ပါတယ်။ နမာဇ်တွင် ဝတ်၍ အသုံးပြုမည်ဆိုလျှင် ၎င်း၏ နမာဇ် ပျက်ပါတယ်။
၂။ ရွှေအဖြူဖြစ်စေ ၊ အဝါဖြစ်စေ ကွာခြားမှု မရှိပါ။ မရ်ဂျာများ၏ ဖသ်ဝါ အရ သတ္တု သုံးခြင်းသည် ယောက်ကျားသားများ အတွက် ဟလာလ်ဖြစ်ပါတယ်။ သတ္တုသည် ရွှေ မဟုတ်ပါ။
၃။ ယောက်ကျားလေး ဝတ် ရွှေလက်စွပ်၊နာရီ ရောင်းခြင်းဝယ်ခြင်း၊ ပြုလုပ်ခြင်း သည် ဟရာမ်ဖြစ်ပါတယ်။ အရောင်းအဝယ် မပိုင်ပါ။ အာယာသွလ္လာဟ်မကာရေမ် ရှီရာဇီး
၎။ ရွှေထည်လား အခြား ပစ္စည်းလားဟု သံသယဖြစ်နေသည့် အရာကို ယောက်ကျားသားများ အတွက် အသုံးပြုခွင့် ရှိပါတယ်။ အာယာသွလ္လာဟ် ဖွာဇေလ်လန်ကရာနီ
၅။အချိန်အနည်းငယ်လေးအတွက်ဖြစ်စေ ယောက်ကျားလေးများအတွက်ရွှေသုံးခြင်းသည် ဟရာမ်ဖြစ်ပါ တယ်။ ဥပမာ လက်ထပ်ချိန်လေးအတွက် (ရွှေထည်ဝတ်ခြင်း) အာယာ သွလ္လာဟ်မကာရေမ် ရှီရာဇီး
ကျမ်းကိုး
jonbeshnet
=============================
251/End