အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပုဂံမြို့ရှိ ရှေးဟောင်းစေတီ ပုထိုးများကို လာရောက်ဖူးမြော် သော ဧည့်သည်များအား ငလျင် ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုမရှိ သည့် စေတီပုထိုးများကို လွတ် လပ်စွာ ၀င်ရောက်ဖူးမြော်နိုင်ရန် နှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားး
ခဲ့သည့် စေတီပုထိုးများကိုလည်း လုံခြုံရေးကန့်သတ်ချက်မှလွဲ၍ အတတ်နိုင်ဆုံး ၀င်ရောက်ဖူးမြော် ခွင့်ပေးရန် နိုင်ငံတော်သမ္မတ ဦး ထင်ကျော်က ပြောကြားသည်။
‘‘လောလောဆယ်တော့ခရီး သွားတွေ၊ ဘာတွေကို ကန့်သတ် ထားပြီးတော့ ထိန်းသိမ်းနေတဲ့ အချိန်ပိုင်းပေါ့။ ဒီလိုလုပ်နေတဲ့အ ချိန်ပိုင်းမှာ သက်ဆိုင်ရာအုပ်ချုပ် ရေးပိုင်းကို ကျွန်တော် မေတ္တာရပ် ခံချင်တာက ပြည်တွင်းရော၊ ပြည်ပရော ပြည်ပခရီးသွား သက် သက်မဟုတ်ပါဘူး။ ပြည်တွင်း ခရီးသွားတွေ ဘုရားဖူးလာတဲ့သူ တွေ၊ ပြည်ပ ဘုရားဖူးလာတဲ့သူ တွေ၊ လေ့လာသူတွေ သူတို့က ဒီ နိုင်ငံ၊ ဒါကိုအမြတ်တနိုး လာပြီး လေ့လာကြတဲ့ သူတွေ။ သူတို့ လာတဲ့အခွင့်အရေး မဆုံးရှုံး အောင် ငလျင်ဒဏ်ခံရလို့ ပျက်စီး သွားတဲ့ ဘုရားတွေရှိတယ်။ ပျက် စီးတဲ့ဘုရားတွေမှာလည်း လွတ် လွတ်လပ်လပ် သွားခွင့်ပေးပါ နော်။ နောက်မပျက်စီးအောင် အပိုင်းမှာလည်း လုံခြုံရေးအရ တားရင်တောင်မှ ၀င်နိုင်လောက် တဲ့အထိ ဒါမှမဟုတ်ရင်လည်း ချဉ်းကပ်နိုင်လောက်တဲ့အထိပေး ချဉ်းကပ်ပါ။ ပစ္စည်းတွေ ပျောက် ဖို့တော့ မဟုတ်ဘူး။ တတ်နိုင်သ လောက် မှတ်တမ်းယူနိုင်အောင်’’ ဟု သမ္မတကပြောကြားသည်။
ယခုအခါ ကြံ့ခိုင်မှုအား နည်းနေခြင်းကြောင့် စေတီပုထိုး များကို ၀င်ရောက်ဖူးမြော်ခွင့် တားမြစ်ထားသည်။ သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သော ငလျင် ဒဏ်ကြောင့် ပုဂံမြို့ရှိ စေတီပုထိုး ၁၈၇ ဆူထိခိုက်ပျက်စီးခဲ့ပြီး စပိန် နိုင်ငံသူတစ်ဦး ဒဏ်ရာရရှိခဲ့ သည်။
သြဂုတ် ၂၅ ရက်တွင် ပျက် စီးသော စေတီပုထိုးများအနီးတွင် တပ်မတော်မှ တပ်ရင်းလေးရင်း နှင့် ရဲတပ်ဖွဲ့ဝင်အင်အား ငါးရာ ခန့်ကိုလည်း မလိုလားအပ်သည့် ပြဿနာများမဖြစ်ပွားစေရန် လုံ ခြုံရေးတိုးမြှင့်ထားခဲ့သည်။
‘‘စည်းကမ်းပိုင်းတော့မလျှော့ ပါနဲ့။ စည်းနဲ့ကမ်းနဲ့ ထိန်းပါ။ ဒီ လုံခြုံရေးဆိုတာကြောင့်လုံခြုံရေး စိတ်ဓာတ်ပြင်းပြသွားရင် ကျန် တဲ့လွတ်လပ်ခွင့်၊ လေ့လာခွင့်ကို ပိတ်ပင်တဲ့အထိ မရောက်သွားစေ ချင်ဘူး။ လာလေ့လာသူတွေစိတ် အနှောင့်အယှက် မဖြစ်စေချင် ဘူး။ ဒါလေး သတိပေးတာပါ’’ဟု သမ္မတက ပြောသည်။
သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးငါးဦး၊ မန္တလေး တိုင်းဝန်ကြီးချုပ်တို့သည် ယမန်နေ့က ပုဂံမြို့သို့ ရောက်ရှိလာပြီး ငလျင်ဒဏ်သင့် စေတီပုထိုးများကိုလိုက်လံစစ်ဆေးကာ အရေးပေါ်အစည်းအဝေးများ ပြုလုပ်ခဲ့သည်။
ထို့အပြင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ခဲ့ သည့် စေတီပုထိုး ၃၄ ဆူကို ပြု ပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ၀င် ရောက်ခွင့်ကန့်သတ်ရန် ထုတ်ပြန် ကြေညာမည်ဖြစ်ကြောင်း မန္တ လေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကပြောသည်။
သြဂုတ် ၂၅ ရက် နံနက်က သီတဂူဆရာတော်သည် ပုဂံမြို့ သို့ ကြွရောက်ကာငလျင်ဒဏ်သင့် စေတီပုထိုးများကို လာရောက် ကြည့်ရှုပြီး အလှူငွေပေးအပ်ခဲ့ သည်။

လုံခြုံရေးတာဝန်ယူထားသူများ၊ ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
==================
251/End