အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သမ္မတဦးထင်ကျော်၏ လေးရက်ကြာအိန္ဒိယခရီးစဉ်ဖြင့် မြန်မာသည် အိမ်နီးချင်းနိုင်ငံကြီး နှစ်ခုဖြစ်သော တရုတ်နှင့်အိန္ဒိယ ကြားတွင် ဆက်ဆံရေးချိန်ခွင်လျှာ ညှိရန် ကြိုးပမ်းလျက်ရှိကြောင်း လေ့လာစောင့်ကြည့်သူအချို့က သုံးသပ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်အပြီး တစ်ပတ်အ ကြာတွင် သွားရောက်သည့် ယခု ခရီးစဉ်သည် အစိုးရသစ်လက် ထက် ပထမဆုံးအကြိမ် အိန္ဒိယ သို့သွားရောက်သော သမ္မတ အ ဆင့်ခရီးစဉ်ဖြစ်သည်။‘‘သမ္မတဦးထင်ကျော်ရဲ့ခရီး စဉ်ဟာ ဒေသတွင်း ပထဝီဝင်နိုင်ငံရေးအပေါ် မြန်မာအစိုးရရဲ့ တွက်ချက်မှု တစ်ရပ်ပဲဖြစ်ပါ တယ်’’ဟု ဉာဏ်ကြီးရှင်အဖွဲ့အ စည်းတစ်ဖွဲ့ဖြစ်သည့် လေ့လာ စောင့်ကြည့်သူများ သုတေသန ဖောင်ဒေးရှင်း(ORF)၏သုတေသ နအဖွဲ့ဝင် ကေမှုန်းက IANS သတင်းဌာနအား ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံက တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ အာဆီယံတို့နှင့် ဆက်ဆံရေး ချိန်ခွင်လျှာညှိမှု ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအ မတ်ကြီးဟောင်း ရာဂျစ်ဘာထိ ယာ၏သုံးသပ်ချက်ကို အိန္ဒိယ သတင်းဌာနများက ဖော်ပြလျက် ရှိသည်။
‘‘အစိုးရသစ်ရဲ့ ဦးစားပေး တွေက ဘာတွေလဲဆိုတာရယ်၊ အိန္ဒိယအနေနဲ့ မိတ်ဖက်မြန်မာကို ဘယ်လိုကူညီနိုင်မလဲဆိုတာရယ် ကို ဒီခရီးစဉ်ကနေပြီး ကျွန်တော် တို့ နားလည်ရမှာပါ’’ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာ ချက်တွင် အိန္ဒိယနိုင်ငံခြားရေးဝန် ကြီးဌာန ပူးတွဲအတွင်းဝန် ဆရီပရီ ယာရန်ဂနေသန်က ပြောခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် သည် ငယ်စဉ်က အိန္ဒိယနိုင်ငံတွင်နေထိုင်ခဲ့ဖူးပြီး နယူးဒေလီရှိ လေ ဒီရှရီရမ်ကောလိပ်တွင် ကျောင်း တက်ခဲ့ဖူးသော်လည်း နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဖြစ်လာပြီးနောက် ပထမဆုံးခရီးစဉ်ကို ဒေလီအစား ဘေ ဂျင်းကို ရွေးချယ်ခဲ့ကြောင်းလည်း အိန္ဒိယသတင်းဌာနများက ဖော် ပြလျက်ရှိသည်။ သို့သော် အောက်တိုဘာတွင် အိန္ဒိယသို့ အလည် အပတ်သွားရောက်မည်ဖြစ်၍ ယခင်အစိုးရအဆက်ဆက် တရုတ်အပေါ် မှီခိုအားထားခဲ့သည့် အနေအထားကို လျှော့ချရေးရည်မှန်းချက်ရှိပုံပေါ်ကြောင်းလည်း သုံးသပ်နေကြသည်။
မြန်မာ၏စစ်တွေဆိပ်ကမ်း နှင့် အိန္ဒိယဘက်ခြမ်း မီဇိုရမ်ကို ချိတ်ဆက်ထားသည့် ကုလားတန် စီမံကိန်း၊ မြန်မာနိုင်ငံကိုဖြတ်သန်း ၍ မိုရေးမှနေ၍ မဲဆောက်သို့ ဆက်သွယ်သည့် အဝေးပြေးလမ်း အစရှိသည်တို့ အပါအဝင် အိန္ဒိယ အခြေခံအဆောက်အအုံစီမံကိန်း ကြီးများ မြန်မာနိုင်ငံ၌ ရှိနေသည်။သမ္မတဦးထင်ကျော်သည် အိန္ဒိယသမ္မတ ပရာနာ့ဗ်မူခါဂျီး၊ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ တို့နှင့် တနင်္လာနေ့တွင် တွေ့ဆုံ၍ ကုန်သွယ်ရေးနှင့် နယ်စပ်လုံခြုံ ရေးအပါအဝင် ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်သည်။ ခရီးစဉ် အတွင်း နှစ်ဖက်ကြား နားလည်မှု စာချွန်လွှာအများအပြားကို လက် မှတ်ရေးထိုးမည်ဖြစ်ကြောင်း လည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဌာန ပူးတွဲအတွင်းဝန်က ပြော သည်။ သမ္မတဦးထင်ကျော် နှစ် ရက်ကြာလည်ပတ်မည့် ဂယာ တွင် လုံခြုံရေးများတင်းကျပ်ထား သည်။ ဂယာလေဆိပ်နှင့် သမ္မတ တည်းမည့် ဟိုတယ်ကြား ၆ ကီ လိုမီတာ (သုံးမိုင်ကျော်) ဧရိယာ တစ်ခုလုံးကို ရဲတပ်ဖွဲ့လုံခြုံရေး များ တန်းစီချထားပြီး သမ္မတ ယာဉ်တန်းမဖြတ်သန်းမီ သာမန် ပြည်သူများ ဖြတ်သန်းသွားလာ ခွင့် ပိတ်ထားသည်။ အခြားအနီး ပတ်ဝန်းကျင် ခရိုင်များမှ ထပ် ဆောင်းရဲတပ်ဖွဲ့အင်အား ဖြည့် တင်းထားသည်ဟု အိန္ဒိယသတင်း ဌာနများက ဖော်ပြထားသည်။
သမ္မတဦးထင်ကျော် အနေ ဖြင့် လာအို၊ ရုရှား၊ မွန်ဂိုလီးယား နိုင်ငံများသို့ သွားရောက်ခဲ့ပြီးဖြစ် ၍ ယခုခရီးစဉ်မှာ ၎င်း၏လေး နိုင်ငံမြောက်ခရီးစဉ်ဖြစ်သည်။
==================
251/End