၂၈ ဩဂုတ် ၂၀၁၆ - ၁၉:၀၆
ဘဂ္ဂဒတ်မြို့ ရှိ ဆော်ဒီ သံအမတ်၏ မဖွယ်မရာ တင်ပြချက် ၊ အီရတ်

ဆော်ဒီ အာဏာ ပိုင်များ ထံ အီရတ် အာဏာပိုင်များ မှ လက်ရှိ ဘဂ္ဂဒတ်မြို့ ရှိ ဆော်ဒီ သံအမတ် အား လှဲပေးရန် မေတ္တာ ရပ်ခံပြီး နောက် လက်ရှိ ဘဂ္ဂဒတ်မြို့ ရှိ ဆော်ဒီ သံအမတ်မှ မိမိ၏ နိုင်ငံ အနေဖြင့် အီရတ်ကို အလွတ်ပေးမည် မဟုတ်ကြောင်း မဖွယ်မရာ ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆော်ဒီ သတင်းဌာနများ ၏ သတင်းအထောက်အထား အရ သိရသည်မှာ - လက်ရှိ ဘဂ္ဂဒတ်မြို့ ရှိ ဆော်ဒီ သံအမတ် စာမေရ် အလ်စဗ်ဟာန် မှ ပြောကြားပါတယ်။ အကယ်၍ မိမိအား အီရတ် နိုင်ငံ မှ ဖယ်ရှား ခဲ့မည်ဆိုလျှင်လည်း ဆော်ဒီ နိုင်ငံသားတိုင်း အီရတ် နိုင်ငံ အတွက် စာမေရ် အလ်စဗ်ဟာန် ဖြစ်စေရမည် ဟု မဖွယ်မရာ ပြောကြားခဲ့ပါတယ်။

အီရတ် နိုင်ငံခြားရေးဝန်ကြီး အနေဖြင့် ဆော်ဒီ အာဏာ ပိုင်များကို အီရတ် ရှိ ဆော်ဒီ သံအမတ် အား ပြောင်းပေးရန် ပြောကြားခဲ့ပါတယ်။ ပြောင်းခိုင်းရသည့် အကြောင်းမှာ အီရတ် ပြည်တွင်းရေး ကိစ္စ ကို အဆက်မပြတ် ဝင်ရောက် စွက်ဖက် နေသည့် အတွက်ကြောင့် ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။

အီရတ် ပြည်တွင်းရေး ကိစ္စများ ကို ဆော်ဒီ သံအမတ် အနေဖြင့် ဝင်ရောက်စွက်ဖက်နေမှု များကို အီရတ် လူထု ဘက်မှ အလွန်တရာ ဝမ်းနည်းမှု နှင့် ဒေါသထွက်မှု ရှိနေကြောင်း သိရပါတယ်။

====================