အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
၂၁ ရာစုပင်လုံညီလာခံဖွင့်ပွဲတွင် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် ညီလာခံသို့တက်ရောက်လာသော ကိုယ်စားလှယ်များ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးနေစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ပြည်တွင်းငြိမ်း ချမ်းရေးဆောင်ရွက်မှုများတွင် မ အောင်မြင်ခဲ့သည့် သမိုင်းဖြစ်စဉ် များကို သင်ခန်းစာယူပြီး ယခု ခေတ်အချိန်အခါမှ စတင်ကာ စု ပေါင်းအားဖြင့် သမိုင်းသစ် ရေး သားကြမည်ဟု နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ယမန်နေ့က စတင် ကျင်းပသော ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဖွင့်ပွဲမိန့်ခွန်း၌ ပြောကြားခဲ့သည်။
‘‘ခေတ် အဆက်ဆက်မှာ ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့ နည်း လမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက် ခဲ့ကြပါတယ်။ အကြောင်းအမျိုး မျိုးကြောင့် ငြိမ်းချမ်းရေးပန်းတိုင် နဲ့ အလှမ်းကွာဝေးခဲ့ရပါတယ်။ မအောင်မြင်ခဲ့တဲ့ သမိုင်းဖြစ်စဉ် တွေကို ကျွန်မတို့ သင်ခန်းစာယူ ပြီး ကျွန်မတို့ခေတ်၊ ကျွန်မတို့အ ချိန်အခါမှာ ကျွန်မတို့အားလုံးစု ပေါင်းပြီး သမိုင်းသစ်ကို ရေးသားကြရမှာ ဖြစ်ပါတယ်’’ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးပြ ဿနာများကို နိုင်ငံရေးနည်းလမ်း ဖြင့် အဖြေရှာနိုင်ရန် ၂၁ ရာစုပင် လုံညီလာခံမှတစ်ဆင့် ငြိမ်းချမ်းရေးလမ်းကို စတင် လျှောက်လှမ်း နေကြပြီး ညီလာခံမှတစ်ဆင့် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နိုင်မည်လားဆိုသည်ကို မြန်မာနှင့် ကမ္ဘာကပါ စောင့်ကြည့်နေသည် ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။
‘‘ပြည်ထောင်စုကြီးတစ်ခု လုံးရဲ့ ငြိမ်းချမ်းရေးမျှော်လင့်ချက် တွေ စိတ်ကူးပေးနိုင်မလားဆိုတာ ကတော့ ဒီကနေ့ ညီလာခံခန်းမ ကြီးထဲမှာ ရောက်ရှိနေကြတဲ့ ခေါင်းဆောင်တွေ အားလုံးအ ပေါ်မှာ မူတည်နေပါတယ်’’ဟု ၎င်းက ပြောသည်။
ညီလာခံကို ပြည်သူများက စိုးရိမ်မျှော်လင့်ချက်များဖြင့် စောင့်ကြည့်နေကြပြီး မငြိမ်းချမ်း သေးသော နယ်မြေဒေသများတွင် နေထိုင်ကြရသောတိုင်းရင်းသား ပြည်သူများကလည်း ညီလာခံ တွင် ဖြစ်ပေါ်လာမည့် အခြေအနေများကို အားကိုးတကြီး စောင့်မျှော် နေကြသည်ဟုလည်း ငြိမ်းချမ်း ရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။
‘‘စစ်ဘေးရှောင်ဖို့ ဟိုဟိုဒီဒီ ပြေးလွှားနေကြတဲ့ ဒုက္ခသည်တွေ ထဲမှာ အရွယ်အမျိုးမျိုးပါနေကြပါ တယ်။ သူတို့အားလုံးရဲ့ မျှော်လင့် ချက်တွေ မှေးမှိန်အားပျော့နေတာ ကြာခဲ့ပါပြီ။ ဒီတစ်ခါတော့ ဘယ် လိုများ ဖြစ်လာမလဲ ဆိုတာကို လည်း မဝံ့မရဲနဲ့ မျှော်လင့်နေကြပါ တယ်’’။
ထို့ပြင် ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ကျင်းပခြင်းသည် ညီလာခံသို့ တက်ရောက်လာကြသူများ၏အ ကျိုးစီးပွားအတွက်မဟုတ်ဘဲ အ နာဂတ်မျိုးဆက်သစ်များ စိတ်ရောကိုယ်ပါ ငြိမ်းချမ်းလုံခြုံစွာ ရှင်သန် ကြီးပြင်းလာနိုင်ရေးအတွက်ဖြစ် သည်ဟု ၁၈ မိနစ်ခန့် ကြာမြင့် သည့် ၎င်း၏မိန့်ခွန်းတွင် ထည့် သွင်းပြောကြားခဲ့သည်။
ထို့အပြင် MPC တည် ထောင်ပြီး အပစ်အခတ်ရပ်စဲရေး အတွက် ကြိုးပမ်းခဲ့သော သမ္မတ ဟောင်း ဦးသိန်းစိန်ဦးဆောင် သည့် အစိုးရအဖွဲ့ကို ဂုဏ်ပြု ကြောင်းလည်း နိုင်ငံတော်၏ အ တိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားသည်။
‘‘ကျွန်မတို့ရဲ့ နောက်လာ မယ့် မျိုးဆက်တွေဟာ ပဋိပက္ခ တွေ၊ ဆုံးရှုံးနစ်နာမှုတွေကြောင့် စိတ်ခံစားအနာတရတွေ ဘယ် တော့မှ မရသင့်တော့ပါဘူး။ ရေ ရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်း ရေးရမှသာ ကျွန်မတို့တိုင်းပြည် ကြီးပွားတိုးတက်မှာဖြစ်ပါတယ်’’ ဟု ပြောသည်။
‘‘ကျွန်မတို့အားလုံးမျှော်မှန်း တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည် ထောင်စု တည်ဆောက်မယ်ဆို ရင် ကျွန်မတို့ တိုင်းရင်းသားတွေ အားလုံး ပွင့်ပွင့်လင်းလင်းရင်းရင်း နှီးနှီး တန်းတူရည်တူ စုပေါင်းဆွေး နွေးညှိနှိုင်း အဖြေရှာနိုင်စေမယ့် ၂၀ ရာစု ပင်လုံညီလာခံနဲ့ တူညီ တဲ့ ၂၁ ရာစုပင်လုံညီလာခံတစ်ခု ကျင်းပနိုင်ဖို့ အထူးပဲ လိုအပ်ခဲ့ပါ တယ်။ ဒါဟာ ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံကြီး စတင်ဖြစ် ပေါ်လာစေတဲ့ နောက်ခံအတွေး အခေါ်တွေဖြစ်ပါတယ်’’ ဟု ၎င်းက ညီလာခံကျင်းပသည့် ရည်ရွယ်ချက်ကို ပြောသည်။