၆ စက်တင်ဘာ ၂၀၁၆ - ၁၆:၅၆
ကဘူးလ်မြို့လယ်တွင် ဖြစ်ပွားသည့် စီးနင်းတိုက်ခိုက်မှု ၁၁ နာရီကြာမြင့်ပြီးနောက် အဆုံးသတ်

အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်တွင် ရန်ပုံငွေ အဖွဲ့အစည်း တစ်ခုကို ပစ်မှတ်ထား စီးနင်းခဲ့သည့် အကြမ်းဖက်သမားများနှင့် ရဲတပ်ဖွဲ့တို့ကြား အပြင်းအထန် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်တွင် ရန်ပုံငွေ အဖွဲ့အစည်း တစ်ခုကို ပစ်မှတ်ထား စီးနင်းခဲ့သည့် အကြမ်းဖက်သမားများနှင့် ရဲတပ်ဖွဲ့တို့ကြား အပြင်းအထန် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အပြန်အလှန် ပစ်ခတ်မှုသည် ၁၁ နာရီမျှ ကြာမြင့်ခဲ့ပြီး စက်တင်ဘာ ၆ ရက် နံနက်ပိုင်းတွင် အဆုံးသတ်ခဲ့ကြောင်း အစိုးရက ကြေညာသည်။ လုံခြုံရေး တပ်ဖွဲ့များက လက်နက်ကိုင် အကြမ်းဖက်သမား ၃ ဦးကို ပစ်သတ်ခဲ့သည်။

စက်တင်ဘာ ၅ ရက် ညနေပိုင်းက အာဖဂန် ကာကွယ်ရေး ဝန်ကြီးဌာနကို ဦးတည်သည့် ဗုံးခွဲ တိုက်ခိုက်မှုများနှင့် ဆက်စပ်ပြီး ယခုစီးနင်းမှုပါ ဆက်လက် ဖြစ်ပေါ်ခဲ့ခြင်းဟု သိရသည်။ ၁၁ နာရီမျှအတွင်း ကဘူးလ်တွင် ပေါက်ကွဲမှုကြီး ၃ ခု ဖြစ်ပွားခဲ့သလို လူ ၃၅ ဦး သေဆုံးကာ ၉၁ ဦး ဒဏ်ရာရခဲ့သည်။

တာလီဘန် စစ်သွေးကြွများက ယခုတိုက်ခိုက်မှုသည် ၎င်းတို့၏ လုပ်ရပ်ဟု ကြေညာထားပြီး ကဘူးလ်မြို့လယ်တွင် အာဖဂန် အစိုးရ၏ ဩဇာသက်ရောက်မှုကို စိန်ခေါ်နိုင်ကြောင်း လက်တွေ့ ပြသခဲ့သည်ဟု ဆိုသည်။

အမေရိကန် အစိုးရ ထောက်ခံသည့် အာဖဂန် အစိုးရ အနေဖြင့် လုံခြုံရေး အာမခံချက် နည်းပါးကြောင်း ဝေဖန်မှုများ ရင်ဆိုင်နေရချိန်တွင် ယခုတိုက်ခိုက်မှုနှင့် ထပ်မံ ကြုံလာခြင်း ဖြစ်သည်။ လုံခြုံရေး တပ်ဖွဲ့များသည် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားရာ ဧရိယာမှ ပြည်သူများကို ဘေးလွတ်ရာ ရွှေ့ပြောင်းစေပြီး လက်နက်ကိုင် အကြမ်းဖက်သမားများကို ဝန်းရံ ချေမှုန်းခဲ့ခြင်းဟု အစိုးရက ကြေညာခဲ့သည်။

အာဖဂန်သည် တာလီဘန်တို့နှင့် မဟာမိတ် စစ်အုပ်စုများအပြင် အိုင်အက်စ် အစွန်းရောက် စစ်သွေးကြွများထံ သစ္စာခံထားသည့် အစွန်းရောက် ဝါဒစွဲ အကြမ်းဖက်အင်အားစုများ၏ ခြိမ်းခြောက်မှုနှင့်ပါ ကြုံတွေ့နေရသည်။
===================    
251 / End