၂၁ ဒီဇင်ဘာ ၂၀၂၀ - ၂၀:၂၃
 အစ္စရေး  မော်ရိုကို ပထမဆုံး တိုက်ရိုက်  လေကြောင်း ခရီးစဉ် ပျံသန်း မည်

အစ္စရေးအလံတပ်ထားတဲ့ ခရီးသည်တင်လေကြောင်းလိုင်း အီလ်အလ်လေကြောင်းလိုင်းက ဒီဇင်ဘာ ၂၂ရက်နေ့မှာ အစ္စရေးကနေ မော်ရိုကိုနိုင်ငံ ရာဘတ်မြို့ဆီ သူတို့ရဲ့ပထမဆုံးလေကြောင်းခရီးစဉ်ပျံသန်းသွားမှာ ဖြစ်ကြောင်းနဲ့ အမေရိကန်-အစ္စရေး ကိုယ်စားလှယ်အဖွဲ့ကိုတင်ဆောင် ပျံသန်းလာမှာဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။


အစ္စရေးအလံတပ်ထားတဲ့ ခရီးသည်တင်လေကြောင်းလိုင်း အီလ်အလ်လေကြောင်းလိုင်းက ဒီဇင်ဘာ ၂၂ရက်နေ့မှာ အစ္စရေးကနေ မော်ရိုကိုနိုင်ငံ ရာဘတ်မြို့ဆီ သူတို့ရဲ့ပထမဆုံးလေကြောင်းခရီးစဉ်ပျံသန်းသွားမှာ ဖြစ်ကြောင်းနဲ့ အမေရိကန်-အစ္စရေး ကိုယ်စားလှယ်အဖွဲ့ကိုတင်ဆောင် ပျံသန်းလာမှာဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
လေယာဉ်အမှတ် LY555 ရဲ့တိုက်ရိုက်ခရီးစဉ်ဟာ ၆နာရီကြာမြင့်မယ်လို့ခန့်မှန်းထားပြီး ဒီလအစောပိုင်းလောက်တုန်းက အမေရိကန်ကြားဝင်စေ့စပ်မှုနဲ့ နှစ်နိုင်ငံကြားသံတမန်ဆက်ဆံရေးထူထောင်ဖို့ သဘောတူညီချက်ရပြီးနောက် နောက်ဆက်တွဲထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အစ္စရေးနဲ့မော်ရိုကိုတို့ဟာ အမေရိကန်ရဲ့ကြားဝင်စေ့စပ်ပေးတဲ့ အကူအညီနဲ့ ဒီဇင်ဘာ ၁၀ရက်နေ့က သံတမန်ဆက်ဆံရေးထူထောင်ဖို့ သဘောတူခဲ့တာဖြစ်ပြီး မော်ရိုကိုဟာ ပြီးခဲ့တဲ့လေးလအတွင်း အစ္စရေးနဲ့ သံတမန်ထူထောင်လိုက်တဲ့ လေးနိုင်ငံမြောက် အာရပ်နိုင်ငံဖြစ်လာခဲ့ပါတယ်။
အဲဒီအချိန်တုန်းက မော်ရိုကိုဘုရင်မိုဟာမက်က မော်ရိုကိုဟာ အစ္စရေးခရီးသွားဧည့်သည်တွေအတွက် မော်ရိုကိုကနေ တိုက်ရိုက်လေကြောင်းလိုင်းတွေထူထောင်သွားဖို့ ရည်ရွယ်ထားကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကို ပြောကြားခဲ့ကြောင်း မော်ရိုကိုတော်ဝင်ရုံးတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ သဘောတူညီချက်ကြေငြာချက်ထွက်ပေါ်လာပြီးနောက်ချက်ခြင်းပဲ အီလ်အလ်အစ္စရေးလေကြောင်းလိုင်းက အစ္စရေးနဲ့မော်ရိုကိုကြား တိုက်ရိုက်လေကြောင်းပျံသန်းဖို့ ဖြစ်နိုင်တဲ့အလားအလာတွေကို လေ့လာသုံးသပ်နေကြောင်း ပြောကြားခဲ့ပါတယ်။
ဒီသံတမန်ထူထောင်မှု သဘောတူညီချက်ရဲ့အစိတ်အပိုင်းတစ်ရပ်အနေနဲ့ အလ်ဂျီးရီးယားနောက်ခံပြု ပိုလစ်ဆာရီယိုဖရန့်(Polisario Front) အဖွဲ့နဲ့ နယ်မြေအငြင်းပွားမှုဖြစ်နေတဲ့ ဆာဟာရအနောက်ပိုင်းဒေသကို မော်ရိုကိုရဲ့အချုပ်အခြာအာဏာပိုင်အဖြစ် အသိအမှတ်ပြုသွားဖို့ အမေရိကန်သမ္မတထရန့်က သဘောတူခဲ့ပါတယ်။
Al arabiya သတင်းဌာနပါ “El Al Airlines to operate first Israel-Morocco flight on December 22” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။