၂၇ ဒီဇင်ဘာ ၂၀၂၀ - ၂၀:၁၈
ဘာရိန်း တိုက်လေယာဉ်  တွေ လေကြောင်း ပိုင်နက် ချိုးဖောက်မှု အတွက် ကာတာ က ကုလထံ တိုင်ကြား

ဘာရိန်းတိုက်လေယာဉ်လေးစီး လေကြောင်းပိုက်နက်ချိုးဖောက်ဝင်ရောက်ခဲ့ကြောင်း ကာတာက ကုလလုံခြုံရေးကောင်စီနဲ့ ကုလအထွေထွေအတွင်းရေးမှူးတို့ထံ တိုင်ကြားလိုက်ပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

ဘာရိန်းတိုက်လေယာဉ်လေးစီး လေကြောင်းပိုက်နက်ချိုးဖောက်ဝင်ရောက်ခဲ့ကြောင်း ကာတာက ကုလလုံခြုံရေးကောင်စီနဲ့ ကုလအထွေထွေအတွင်းရေးမှူးတို့ထံ တိုင်ကြားလိုက်ပါတယ်။


ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ ကုလအထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်ဇ် ဆီ လိပ်မူပြီးပေးပို့ထားတဲ့စာထဲမှာ ဘာရိန်းစစ်ဘက်လေယာဉ်တွေဟာ ၂၀၂၀ခုနှစ် ဒီင်ဘာ ၉ရက်နေ့က နိုင်ငံရဲ့ရေပိုင်နက်အပေါ်ကျူးကျော်ပျံသန်းပြီး ချိုးဖောက်ဝင်ရောက်ခဲ့ကြောင်း ကာတာသံအမတ်က ကုလတိုင်ကြားထားကြောင်း ကာတာနိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။


ဒါဟာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ဒေသတွင်းလုံခြုံရေးပိုင်းကို ချိုးဖောက်မှုဖြစ်တဲ့လုပ်ရပ်တွေဖြစ်ကြောင်း ပေးပို့ထားတဲ့ စာထဲမှာ ကာတာကပြင်းပြင်း ထန်ထန်ရှုတ် ချထား ပါတယ်။

ဒါဟာနိုင်ငံတကာဥပေဒအောက်မှာ ဘာရိန်းရဲ့ရှေ့နောက်မညီတဲ့ ပြောင်ပြောင်တင်းတင်းချိုးဖောက်မှုတွေဖြစ်ကြောင်း ကာတာကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။

ဒီချိုးဖောက်မှုတွေကြောင့် ဒေသတွင်းတင်းမာမှုတွေအရှိန်မြင့်လာနိုင်ကြောင်း ပေးပို့ထားတဲ့စာထဲမှာကာတာကပြောကြားထားပါတယ်။ ဒါဟာပထမဆုံးအကြိမ်တော့လည်းမဟုတ်တော့ကြောင်း ကာတာကဆိုပါတယ်။


ဒီတာဝန်မဲ့တဲ့ ရန်ဆွတဲ့လုပ်ရပ်တွေရပ်တန့်ဖို့ ကာတာက ဘာရိန်းကိုတောင်းဆိုလိုက်ပြီး ဘာရိန်းအနေနဲ့ နိုင်ငံတကာဥပဒေနဲ့ နိုင်ငံတကာတရားရေးခုံရုံး(ICJ) ကချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။


ဆော်ဒီ ယူအေအီး အီဂျစ်တို့နဲ့အတူ ဘာရိန်းက ကာတာကို ၂၀၁၇ခုနှစ် ဇွန်လမှာ သံတမန်ဆက်ဆံရေးတွေဖြတ်တောက်ခဲ့ပြီး ကာတာဟာ အစွန်းရောက်တွေ ကိုကျောထောက်နောက်ခံပြုပေးနေတယ်လို့ စွပ်စွဲပြောကြားခဲ့ပေမယ့် ဒိုဟာကတော့ ပြင်းပြင်းထန်ထန်ငြင်းဆန်ပယ်ချခဲ့ပါတယ်။

သူတို့ဟာကာတာအပေါ် ကျယ်ကျယ်ပြန့်ပြန့်ပိတ်ဆို့မှုတွေလုပ်ဆောင်ခဲ့ပြီး အဲဒီထဲမှာ သူတို့ရဲ့လေကြောင်းပိုင်နက်တွေထဲ ကာတာလေယာဉ်တွေ ဝင်ရောက်ခွင့်ပိတ်ပင်မှုတွေပါပါဝင်ပါတယ်။ ဒါ့အပြင်ကာတာနိုင်ငံသားတွေကို သူတို့နိုင်ငံတွေကနေ နှင်ထုတ်ပစ်ခဲ့ကြပါတယ်။


Al Jazeera သတင်းဌာနပါ “Qatar reports airspace violation by Bahraini fighter jets to UN” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

******************************************
END / 251