၁၈ မေ ၂၀၂၅ - ၂၃:၀၆
အချို့ မဂျ်လစ်များ ကိုသွားပြီး နားထောင်ခြင်းသည် မပိုင်ချေ

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အချို့ မဂျ်လစ်များ ကိုသွားပြီး နားထောင်ခြင်းသည် မပိုင်ချေ နှင့် ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဒရ်စာသိုလ်ကာအေမ် (အ.ဂျ) ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အချို့ မဂျ်လစ်များ ကိုသွားပြီး နားထောင်ခြင်းသည် မပိုင်ချေ ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

အချို့ မဂျ်လစ်များတွင် တရားဟောကြားသည့်ဆရာများ ဇာကေရ်များ အနေဖြင့် လူတွေ၏ အကီဒဟ်များ (ယုံကြည်ချက်များ) ကို ပျက်စီး အောင်ပြုနေကြပါတယ်။ အချို့ ဇာကေရ်များ အနေဖြင့် အမလ်( ပမာအားဖြင့် နမာဇ် စသည်ဖြင့် ) အရေးမကြီးကြောင်း ဟဇရသ် အလီ (အ.စ) ခွင့်လွတ်ပေးအောင်လုပ်ပေးမည် ဖြစ်ကြောင်း ဟောကြားကြပါတယ်။ဒီလို မဂျ်လစ်များကိုသွားပြီး နားထောင်ခြင်းနှင့်ပတ်သက်၍ မည်သို့ အမိန့်လာ ရှိပါ သနည်း?

အဖြေ

အကယ်၍ ဗါသွေလ် (လမ်းမှား ) ကိုထောက်ခံပေးနေသည့်မည် ဖြစ်နေလျင် မပိုင်ချေ။ (တစ်နည်းအားဖြင့် ဗါသွေလ် အကီဒဟ် များကို ဟောသည့်မဂျ်လစ်များတွင် သွားရောက်ခွင့် နားထောင်ခွင့် မပိုင်ချေ။ )

အကြံပြုချက် - အထူး သတိပြုသင့်ပါတယ်။ ယနေ့ အထူးသဖြင့် အချို့ မဂျ်လစ်များ ကို ဟောကြားသူများ အနေဖြင့် ကျမ်းတော်မြတ်ကုရ်အာန် ၊ စစ်မှန်သည့် ဟဒီးစ်တော်များကိုဆန့်ကျင်ပြီး ပေါက်ကရ ဟောကြား ကြပါတယ်။ ပမာအားဖြင့် မဂျ်လစ်ဟောနေချိန် အဇါန်ပေးလာချိန် ၊ အဇါန်ကို လေးစားရိုသေသည့် အနေဖြင့် တိတ်ဆိတ်စွာမနေဘဲ နမာဇ်ကဇွာဖတ်လိုရတယ်။ မဂျ်လစ်ကဇွာ လုပ်လို့မရဘူးဆို ဟောကြားခြင်း၊ နမာဇ် ဖတ်စရာမလို ၊ ရိုဇဟ်ထားစရာမလို ၊ ဇကားသ်ပေးစရာမလို ၊ ခွမ်းစ်ထုတ်စရာမလို ၊ ငွေကြေးတတ်နိုင်နေလျက် ဟဂျ်လုပ်စရာမလို့ဘူး စသည်ဖြင့် လုပ်စရာမလိုဘူး၊ အဲဟ်လေ့ဘိုက်(သ) (အ.စ)ကို အချစ်ထားလျင် လုံလောက် တယ် စသည့်ဖြင့် ဟောကြားခြင်းတို့ ဖြစ်ပါတယ်။ ဤကဲ့သို့ ပေါက်ကရ ဟောသည့်ဆရာများကို မဂျ်လစ် ဘာနီများ အနေဖြင့် ဟောရန် မဖိတ်ဖို့ ဒါမျိုးမဂျ်လစ်များကိုမိုအ်မင်မင်များ မိုအ်မေနသ်များ အနေဖြင့် မသွားကြဖို့ မနားထောင် ကြဖို့ အလွန် အရေးကြီးလိုအပ်ပါတယ်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha