၂၀ မေ ၂၀၂၅ - ၁၅:၁၃
အမေရိကန်သမ္မတ နှင့် တာဝန်ရှိသူများသည် ဂါဇာကမ်းမြောင်ဒေသကို လူမျိုးတုံး သတ်ဖြတ်ရန် အင်အား သုံးနေကြောင်း ရဲဟ်ဗရ်အင်န်ကေလာဗ် မိန့်ကြား

၂၀၂၅ ခုနှစ် မေလ ၁၇ ရက် စနေနေ့တွင် နိုင်ငံတစ်ဝှမ်းမှ ပညာရေးကဏ္ဍနှင့် ဆက်စပ်နေသည့် ထောင်ပေါင်းများ စွာသော ဆရာ၊ ပါမောက္ခများနှင့် လူထုတွေ့ဆုံပွဲ၌ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီက ဆရာ၏ပုံသဏ္ဍာန်ကို လူအများ အမြင်တွင် ချစ်စရာ ကောင်းပြီး သက်ဝင်ချစ်စဖွယ်ကောင်းသော ပုံရိပ်ဖန်တီးရန် တိုက်တွန်း မိန့် ကြားခဲ့ပြီး ယင်းအတွက် အနုပညာနှင့် လက်မှုပညာများကို မီဒီယာနှင့် ကျွမ်းကျင်သော အဖွဲ့အစည်းများဖြင့် လုပ်ဆောင် သင့်ကြောင်း မိန့်ကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza သတင်းဌာန၏ ဖော်ပြချက်အရ၊ ၂၀၂၅ ခုနှစ် မေလ ၁၇ ရက် စနေနေ့တွင် နိုင်ငံတစ်ဝှမ်းမှ ပညာရေး ကဏ္ဍနှင့် ဆက်စပ်နေသည့် ထောင်ပေါင်းများစွာသော ဆရာ၊ ပါမောက္ခများနှင့် ပြည်သူများနှင့် တွေ့ဆုံရာတွင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ က ဆရာ့ပုံကောင်းနှင့် ချစ်စရာကောင်းပြီး အသက်ဝင်ပြီး ချစ်စဖွယ်ကောင်းသော ပုံရိပ်ကို လူထု အမြင်တွင် ဖန်တီးရန် လိုအပ်ကြောင်း ဤ အတွက် အနုပညာနှင့် လက်မှုပညာများကို မီဒီယာနှင့် တာဝန် သိအဖွဲ့ အစည်းများဖြင့် လုပ်ဆောင်သင့် ကြောင်း မိန့်ကြား ခဲ့ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ အနေဖြင့် မကြာသေးမီက လာရောက် လည်ပတ်ခဲ့သည့် အမေရိကန်သမ္မတ၏ ပြောကြားချက်ကို ကိုးကားပြီး ၎င်း ခရီးစဉ်အတွင်း အမေရိကန်သမ္မတ ၏ စကားအချို့သည် မိန့်ခွန်းပြောသူနှင့် အမေရိကန်နိုင်ငံအတွက် ရှက်စရာဖြစ်ပြီး အခြေခံအားဖြင့် အဖြေပေးရန် ပင် မထိုက်တန်ကြောင်း မိန့်ကြား ခဲ့ပါတယ်။

ဆက်လက်ပြီး ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ ငြိမ်းချမ်းရေးအတွက် အင်အားသုံးချင်တယ်လို့ ထရန့်ရဲ့ ပြောဆိုချက်ဟာ လိမ်ညာချက်သာ ဖြစ်ကြောင်း အမေရိကန် အစိုးရအနေဖြင့် ဘယ်တုန်းက ငြိမ်းချမ်းရေး အတွက် အင်အား မသုံးခဲ့ကြောင်း ဂါဇာ တွင် လူမျိုးတုံး သတ်ဖြတ် ရန် အတွက် သာ အင်အား ကို သုံးနေ ကြောင်း ဖြစ်နိုင်သမျှ နေရာတိုင်းတွင် စစ်ပွဲကို လှုံ့ဆော်ရန် နှင့် မိမိ မွေးထားသူများကို သာ ထောက်ပံ့ပေးနေကြောင်း မိန့်ကြားခဲ့ပါတယ်။

ထပ်လောင်း ၍ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ က ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် မိမိတို့ တတ်နိုင်သမျှ အင်အားသုံးကြောင်း ဖော်ပြခဲ့ပြီး ရန်သူများ မကျေနပ်သော်လည်း အစ္စလမ်မစ် ပြည်သူ့ သမ္မတနိုင်ငံသည် နေ့စဉ်နှင့်အမျှ မိမိ နိုင်ငံ ၏ အင်အားကို တိုးမြင့်လာစေကြောင်း ပြောကြား သို့သော်လည်း အမေရိကန် သည် ဇီယွန်ဝါဒီအစိုးရအား ဆယ်တန်ဗုံးများ  ပေး၍ ဂါဇာရှိ ကလေးများအား ကြဲချရန် အင်အားသုံးကာ ဂါဇာရှိ ဆေးရုံများ၊ ပြည်သူများ၏ အိမ်များ၊ လက်ဘနွန်ရှိ နေရာတိုင်းနှင့် ၎င်းလိုချင်သည့် နေရာတိုင်းတွင် ကြဲချခဲ့ကြကြောင်း မိန့်ကြားခဲ့ပါတယ်။

ဒေသတွင်းနိုင်ငံတွေဟာ အမေရိကမရှိရင် ဆယ်ရက်တောင် ရှင်သန်နိုင်မှာမဟုတ်ဘူးလို့ မိန့်ကြားရင်း အမေရိကန် သမ္မတ၏ ယခင်ထုတ်ပြန်ချက်ကို ရည်ညွှန်းပြီး ၎င်းတို့၏ လက်ရှိ ဆက်ဆံမှုများနှင့် အဆိုပြုချက်များတွင် ဤပုံစံကို ချမှတ်ရန် ကြိုးပမ်းနေသော်လည်း ဤပုံစံသည် ကျိန်းသေ ရှုံးနိမ့်ပြီး ဒေသတွင်း လူမျိုးများ ၏  ဆုံးဖြတ်ချက်နှင့် အမေရိကဟာ ဤဒေသကနေ ထွက်ခွာ ရမှာဖြစ်ပြီး ထွက်ခွာရလိမ့်မယ် ဖြစ်ကြောင်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ မိန့်ကြားခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ က ဇီယွန်ဝါဒီအစိုးရကို ဒေသတွင်း မကောင်းမှု၊ စစ်ပွဲနှင့် သဘောထား ကွဲလွဲမှုဖြစ်စေသော အကြောင်းရင်းဟု ခေါ်ဆိုခဲ့ပြီး ဇီယွန်ဝါဒီအစိုးရသည် အန္တရာယ်ရှိသော ကင်ဆာရောဂါနှင့် ဤဒေသမှ အမြစ်ပြတ်ချေမှုန်းရမည်ဖြစ်ပြီး ထိုကဲ့သို့ ဆက်လက်တည်ရှိနေမည့် အန္တရာယ်ရှိသော ရောဂါဖြစ် ကြောင်း အလေးပေးမိန့် ကြားခဲ့ပါတယ်။

ဆက်လက်ပြီး ယနေ့ အီရန်နိုင်ငံသည် ယမန်နေ့က အီရန်နိုင်ငံနှင့် နှိုင်းယှဉ်၍မရနိုင်ကြောင်း၊ အလ္လာဟ်ဟို အရှင်မြတ်  ၏ ကျေးဇူးတော်နှင့် ရန်သူများ၏ ဆန္ဒကို ဆန့်ကျင်လျက် ချစ်လှစွာသော အီရန်နိုင်ငံသည် တိုးတက်မှု ရှိလာကြောင်း၊ ထို့နောက်တွင်ပင် ကျွန်ုပ်တို့၏ သားသမီးများသည် ၎င်း တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုင်းပြည်သည် ယနေ့ထက် အဆများစွာ တိုးတက်လာမည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ က ပညာရေးနှင့် လေ့ကျင့်ရေးအဖွဲ့အစည်းဖွဲ့စည်းပုံသည် ကျောင်းသားများ၏ ပညာရေး၊ ယဉ်ကျေးမှုနှင့် ဘာသာရေး ဆိုင်ရာ ပြုစုပျိုးထောင်မှုဆီသို့ ဦးတည်သင့်သည်ဟု အလေးပေးမိန့် ကြားခဲ့ပြီး ထိုသို့သောသူများသည် ကျွမ်းကျင်သူများ၊ အတွေ့အကြုံရှိပြီး နိုင်ငံနှင့် အချုပ်အခြာအာဏာကို ကတိကဝတ်ပြုထားသည့် ပညာရေးနှင့် လေ့ကျင့်ရေးအဖွဲ့အစည်းအသစ်ကို တည်ဆောက်သင့်ကြောင်း၊ သို့မှသာ အဆိုပါဖွဲ့စည်းပုံအသစ်ကို အခြေခံ၍ အသိပညာ တတ်မြောက်သူသည့် ၊ ဘာသာရေးလေးစား သည့် အီရန်ကို ချစ်မြတ်နိုးသည့် ၊ အလုပ်ကြိုးစားပြီး အနာဂတ်အတွက် မျှော်လင့်ချက်ရှိသော ကလေးသူငယ်များ နှင့် လူငယ်များ၏ သွန်သင် ပဲ့ထိန်းမှုကို ရရှိမှာ ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ပညာရေး ပြဋ္ဌာန်းစာအုပ်များနှင့် ယခင်အကြံပြုချက်များ၏ အရေးပါမှုကို ညွှန်ပြရာတွင် မူဆလင် ပညာတတ်များ၏ အမည်များ သို့မဟုတ် ပြဋ္ဌာန်းစာအုပ်များတွင် အမေရိကန်သူလျှိုအခြေစိုက်စခန်းမှ စာရွက်စာတမ်းအချို့ စာမျက်နှာများ ပါဝင်ရန် လိုအပ်သော်လည်း မလုံလောက်ကြောင်း၊ ပြဋ္ဌာန်းစာအုပ်များသည် ဘာသာရပ်ဆိုင်ရာ စိတ်ဝင်စားဖွယ်ကောင်းပြီး လေးနက်သော ပညာရေးနှင့် သိပ္ပံဆိုင်ရာကိစ္စရပ်များကို ကျောင်းသားများအား ရိုးရှင်း၍ ဘုံဘာသာစကားဖြင့် ဖြန့်ဝေသင့်ကြောင်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီက မိန့်ကြား ခဲ့ပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha