အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အဆိုအရ ဂါဇာတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖြစ်ရပ်ဆိုးသည် ပိုမို ပြင်းထန် လာခဲ့ပြီး လက်နက်မဲ့ ပါလက်စတိုင်းများအပေါ် အကြမ်းဖက် နယ်ချဲ့ အစ္စရေး စစ်တပ်က တစ်ဖန် ရက်စက်ကြမ်းကြုတ်မှုများ ပြုလုပ်ခဲ့ပါတယ်။
ယနေ့ တနင်္ဂနွေနေ့က စားနပ်ရိက္ခာလက်ခံဖို့ စုရုံးလာတဲ့ ပါလက်စတိုင်းတွေကို ပစ်ခတ်မှုကြောင့် အနည်းဆုံး ပါလက်စတိုင်း ၃၂ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိသွားပါတယ်။
ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာန၏ အဆိုအရ အာဇာနည်များ၏ အလောင်းများနှင့် ဒဏ်ရာရသူများအား ဆေးရုံ၏ မြင်ကွင်းများ ကြေကွဲဖွယ်ရာ ရှိရာ Nasser Medical Complex သို့ လွဲပြောင်းပေးခဲ့ကြောင်း သိရပါ တယ်။ CNN ဗွီဒီယိုမှတ်တမ်းတစ်ခုတွင် အာဇာနည်များ၏ ရုပ်အလောင်းများကို ဆေးရုံတွင် တန်းစီထား ကြောင်း ပြသခဲ့ပါတယ်။
မျက်မြင်သက်သေ ဟရှာန်းမ် ဒါရ်ဂမ် ပြောကြားချက်အရ အဆိုပါ အခင်းဖြစ်ပွားမှုသည် ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း အကူအညီပေးရေး စင်တာမှ ကီလိုမီတာ ၄ဝ ခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အစားအစာများ လက်ခံရယူရန် လူများစုဝေးခဲ့ကြကြောင်း သိရပါတယ်။ ဤ ဖောင်ဒေးရှင်းသည် အစ္စရေးနှင့် အမေရိကန်တို့က ပံ့ပိုးထားသည့် ဖောင်ဒေးရှင်း ဖြစ်ပါတယ်။
ဤအတောအတွင်း အယ်လ်ဂျာဇီးရား၏ အစီရင်ခံစာအရ ပါလက်စတိုင်း စုစုပေါင်း ၆၇ ဦးသည် တနင်္ဂနွေနေ့က အစ္စရေးတို့၏ တိုက်ခိုက်မှုအတွင်း အသေခံခဲ့ကြရပြီး ၎င်းတို့ထဲမှ ၆၃ ဦးသည် အကူအညီကို ရှာဖွေနေစဥ် အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။
လူ့အခွင့်အရေးအဖွဲ့များသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ နှုတ်ဆိတ်ခြင်းနှင့် အကြမ်းဖက် နယ်ချဲ့ အစ္စရေး စစ်တပ် ၏ ရက်စက်ကြမ်းကြုတ်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြသော်လည်း အခြေအနေမှာ တနေ့ ထက် တနေ့ ပိုဆိုးလာပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment