၁၅ စက်တင်ဘာ ၂၀၂၅ - ၁၂:၄၄
ကာတာနိုင်ငံ ၏ မြို့တော်  ဒိုဟာ အပေါ်  အစ္စရေး ၏  တိုက်ခိုက် ခြင်းသည် နိုင်ငံတော်အကြမ်းဖက်မှု ဖြစ်ကြောင်း ကာတာ ဝန်ကြီးချုပ် ပြောကြား

ကာတာဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး မိုဟမ္မဒ်ဘင်န် အဗ်ဒိုရ် ရဟ်မာန် အာလေ စာနီ က ဒိုဟာတွင် အစ္စရေး ဇီယွန်ဝါဒီ တို့၏ ရန်စမှုသည် နိုင်ငံတော်အကြမ်းဖက်မှု ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Irna သတင်းဌာန ၏ အစီရင်ခံစာ အရ အစ္စရေး ၏ ရိုင်းစိုင်းတဲ့ တိုက်ခိုက်မှုဟာ နိုင်ငံတကာ ဥပဒေနှင့် ကာတာ၏ အချုပ်အခြာအာဏာကို ရှင်းရှင်းလင်းလင်း ချိုးဖောက်တာ ဖြစ် ကြောင်း ကာတာ နိုင်ငံခြားရေးဝန်ကြီး မိုဟမ္မဒ် ဘင်န် အဗ်ဒိုရ် ရဟ်မာန် အာလေ စာနီ   က ပြောကြားခဲ့ပါတယ်။

ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ လက်ခံကျင်းပရန် ဒိုဟာက အလုပ်များနေချိန်တွင် အစ္စရေး၏ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ကာတာ နိုင်ငံခြားရေးဝန်ကြီး က ပြောကြားခဲ့ပါတယ်။

ကာတာဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး မိုဟမ္မဒ်ဘင်န် အဗ်ဒိုရ် ရဟ်မာန် အာလေ စာနီ  က ဒီကျူးကျော် တိုက်ခိုက်မှုဟာ ပထဝီဝင်တည်နေရာကို တိုက်ခိုက်တာမဟုတ်ဘဲ ဖျန်ဖြေရေးနဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို ဖျက်စီးပစ်တဲ့ သဘောဖြစ်တယ်လို့ ပြောပါတယ်။

ဆက်လက်ပြီး  ဇီယွန်ဝါဒီအစိုးရ၏ နိုင်ငံတော်အကြမ်းဖက်ဝါဒ၏ အရှက်ကင်းမဲ့သော ရန်လိုမှု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha