အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ အစီရင်ခံစာအရ ဟောင်ဇေအေလ်မီယေ ၏ အကျော်အမော် အာလင်မ် တစ်ပါး ဖြစ်၊ ဆရာတစ်ပါးဖြစ်၊အပြောနှင့် အဟောညီသည့် အာလင်မ် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်ခ် အဲဟ်မဒ် ရှအ်ဗာန်နီ ကြာရှည်စွာနာမကျန်းပြီးနောက် အလ္လာဟ့် အမိန့် ခံယူသွားကြောင်း ဝမ်းနည်းစွာ သိရှိရပါတယ်။
H.I ရှိက်ခ် အဲဟ်မဒ် ရှအ်ဗာန်နီ ၏ ကြေကွဲဖွယ် ကွယ်လွန် သွားသည့် သတင်းသည် ကရ်ဂဲလ် ၏ လေထုထဲတွင် ဝမ်းနည်းကြေကွဲရုံသာမက အီရန် ၊ အီရတ်၊ အိန္ဒိယနှင့် အခြား ပညာရေးနှင့် ဘာသာရေး စင်တာများတွင်လည်း ဝမ်းနည်းပူဆွေးမှု လှိုင်းလုံးများ ပျံ့နှံ့သွားခဲ့ပါတယ်။ Academic နှင့် Seminary အသိုင်းအဝိုင်းများ ၊ H.I ရှိက်ခ် အဲဟ်မဒ် ရှအ်ဗာန်နီ ၏ ကျောင်းသားများ၊ ၎င်း ၏ အတန်းတူ သူငယ်ချင်းများ နှင့် သူနှင့် နီးစပ်သူများ သည် လည်း ဤဝမ်းနည်းဖွယ် အခါသမယတွင် လွန်စွာ ဝမ်းနည်း ကြေကွဲ နေကြ ကြောင်း သိရပါတယ်။
ကွမရ်ဟွန် အာလင်မ် ၏ ဘဝသည် ရိုးရိုးရှင်းရှင်း၊ ဘာသာတရားကိုင်းရှိုင်းမှု ၊ စည်းကမ်းနှင့် ကိုယ်ကျိုးမဖက်သော ဝတ်ပြုကိုးကွယ်မှုတို့ထဲမှ စံပြုထိုက်သူဖြစ်ပါတယ်။ မရ်ဟွန်မ် သည် ပညာရှင် အဖြစ်သာ မဟုတ်ဘဲ ဘာသာရေး၊ လေ့ကျင့်မှု၊ ရိုးသားမှုနှင့် ဉာဏ်ပညာတို့ကို လှပစွာပေါင်းစပ်တင်ပြသည့် အဖွဲ့အစည်းတစ်ခုအဖြစ်လည်း အလုပ်အကျွေး ပြုခဲ့သူ ဖြစ်ပါတယ်။ မရ်ဟွန်မ် H.I ရှိက်ခ် အဲဟ်မဒ် ရှအ်ဗာန်နီ သည် မိမိ ဘဝ အား အသိပညာနှင့် လုပ်ဆောင်ချက် ၊ စိတ်ရှည်မှု ၊ အလ္လာဟ်နှစ်မြို့ မှု ၊ လောကီ မမက်မှု နှင့် ထိုးထွင်းသိမြင်မှုတို့ကို ဖြင့် လက်တွေ့ကျကျ အဓိပ္ပာယ်ဖွင့်ဆို တည်ဆောက် ခဲ့သူ ဖြစ်ပါတယ်။
H.I ရှိက်ခ် အဲဟ်မဒ် ရှအ်ဗာန်နီ သည် အိန္ဒိယ နိုင်ငံ မြောက်ပိုင်း ကရ်ဂဲလ် ၊ လဒါခ် မှ ဖြစ်ပြီး သာသာနာ ပညာ ကို အီရန် နိုင်ငံ မရှ်ဟဒ် မြို့ နှင့် အီရတ် နိုင်ငံ နဂျဖ်ဖေအရှ်ရဖ် မှာ ဆည်းပူးခဲ့သူ ဖြစ်ပါတယ်။ ပညာသင်ယူပြီးနောက် ကရ်ဂဲလ် တွင်သာမက အရှေ့အာရှ ၊ မွန်ဘိုင်း၊ ထိုင်းနှင့် အခြားနေရာများတွင်ပါ အလင်းပေးခဲ့ သူ ဖြစ်ပါတယ်။
မရ်ဟွန်မ် H.I ရှိက်ခ် အဲဟ်မဒ် ရှအ်ဗာန်နီ သည် မွန်ဘိုင်းမြို့ ရှိ Iman Foundation (Najafi House) လက်အောက်ရှိ မဒရ်စဟ် အေမာမ် အမီးရိုလ် မိုအ်မေနီးန် (အ.စ) ကို တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ဤကျောင်းတွင် စာများ သင်ကြားပေးသော ဆရာတစ်ဦးသာမက ကျောင်းသားများ၏ ဘဝ၊ အတွေးအမြင်၊ ကိုယ်ကျင့်တရားနှင့် ဘာသာရေး ဂုဏ်ယူမှုကို ပုံဖော်ပေးသော ဆရာ တစ်ပါး လည်း ဖြစ်ပါတယ်။
အမျိုးသမီးများ၏ဘာသာရေးပညာရေးအတွက် "Najafi House" မှ စီမံခန့်ခွဲသော ဂျာမေအသိုလ်ဗသူလ် (စ.အ) ၏ အခြေခံအုတ်မြစ်တွင်လည်း ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
အဗ်နာ သတင်း ဌာန မှ ဤ ဝမ်းနည်းဖွယ်အဖြစ်ဆိုးအတွက် မရ်ဟွန်မ် H.I ရှိက်ခ် အဲဟ်မဒ် ရှအ်ဗာန်နီ တပည့်များ ၊ မိသားစုဝင် များနှင့် ဆွေမျိုးများအား ဝမ်းနည်းကြေကွဲကြောင်း ဒိုအာ ပြုကြောင်း ပြောကြားအပ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment