အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အစီရင်ခံစာအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြား ရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ နှင့် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဇလ် ဘင်န် ဖရ်ဟာန် တို့သည် ပါလက်စတိုင်း တွင် ဖြစ်ပွားနေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း အထူးသဖြင့် ဂါဇာကမ်း မြောင်ဒေသတွင် ဇီယွန်ဝါဒီများ၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် ဒေသတွင်း နောက်ဆုံးအခြေအနေများကို တယ်လီဖုန်းဖြင့် စကားပြောဆိုခဲ့ကြပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးက ဂါဇာကမ်းမြောင်ဒေသရဲ့ ဆိုးရွားတဲ့ အခြေအနေကို မီးမောင်းထိုးပြပြီး အစ္စရေးရဲ့ ဝိုင်းရံ ထားမှု၊ စားနပ်ရိက္ခာနဲ့ ဆေးဘက်ဆိုင်ရာ ပြတ်တောက်မှုတွေကြောင့် ပါလက်စတိုင်း ပြည်သူတွေဟာ အဆိုးရွား ဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောကြား ခဲ့ပါတယ်။
OIC နှင့် အခြားသော နိုင်ငံတကာအဖွဲ့အစည်းများမှ ဝိုင်းရံထားမှုကို အဆုံးသတ်ရန်နှင့် ပါလက်စတိုင်းတို့အား အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်အတွက် အရေးပေါ်လက်တွေ့ဆောင်ရွက်ချက်များ အရေးပေါ် လိုအပ် နေပါတယ်။
ဆယက်ဒ် အဘာစ် အီရတ်က်ကျီ မှ ဆက်လက်ပြီး အနောက်ဘက်ကမ်းကို သိမ်းပိုက်ရန် အစ္စရေးပါလီမန်၏ လှုပ်ရှားမှု ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ဂါဇာတွင် လက်ရှိဖြစ်ပေါ်နေသော လူမျိုးတုံးသတ်ဖြတ်မှုနှင့် ပြောင်ပြောင် တင်းတင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပါလက်စတိုင်းနယ်မြေ၊ လူမျိုးနှင့် အထောက် အထား ကို လုံးလုံးလျားလျား သုတ်သင်ရှင်းလင်းရန် ဇီယွန်ဝါဒီတို့၏ ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။
ဂါဇာကမ်းမြောင်ဒေသက ပြည်သူတွေကို ကူညီဖို့နဲ့ ပါလက်စတိုင်းတွေအပေါ် ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေကို ရပ်တန့်ဖို့ မွတ်စလင်မ် နဲ့ အာရပ်နိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း နိုင်ငံခြားရေး ၀န်ကြီးနှစ်ဦး ဆွေးနွေးခဲ့ကြပါတယ်။
ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက ဤကိစ္စအတွက် မိမိနိုင်ငံ၏ အဆင်သင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment