အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Iqna ကုရ်အာန် သတင်းဌာန ၏ အဆိုအရ ဤဖြစ်ရပ်မှာ နှစ်ပေါင်းများစွာ ပညာသင်ကြားခွင့်မရခဲ့သော အီဂျစ်နိုင်ငံ အက်စ်ဝန်း တွင်နေထိုင်သူ ဖွာတွေမဟ်အလီ မိုဟမ္မဒ် အမည်ရှိ သက်ကြီးရွယ်အို အမျိုးသမီး ကြီး ၏ ဇာတ်လမ်းဖြစ်ပါတယ်။ သို့သော်လည်း သူမ၏ ခိုင်မာသော စိတ်ပိုင်းဖြတ်မှုနှင့် မြေးမလေး၏ ပံ့ပိုးကူညီမှုဖြင့် စာမတတ်မြောက်ခြင်းကို ကျော်လွန်ခဲ့ပြီး နောက်ဆုံးတွင် ကျမ်းမြတ်ကုရ်အာန်ကို သေလာဝသ် ပြုနိုင်ခဲ့ပါတယ်။
ဖွာတွေမဟ်အလီ မိုဟမ္မဒ် သည် အီဂျစ်လူမှုရေးဝန်ကြီး ဌာနမှ ဦးစီးလုပ်ဆောင်သည့် « စာမတတ် သူများ ကိုပြောပါ ။ ကျွန်ုပ်တို့ အသင်တို့ နှင့် အတူ ရှိပါတယ် » ဆိုသည့် ပရောဂျက်တွင် ပါဝင်ခဲ့ပြီး စာမေးပွဲကို ထူးထူး ခြားခြား အောင်မြင်ခဲ့ပြီး မိမိ ၏ ကာလရှည်ကြာ အိပ်မက်ကို လက်တွေ့ အကောင် အထည် ဖော်နိုင်ခဲ့ ပါတယ်။
ဖွာတွေမဟ်အလီ မိုဟမ္မဒ် ၏ မြေးမလေး အာလာအအေဆွာမ် သည် မိမိ ၏အဖွား၏ဘဝကို အကြောင်းကို ပြောပြခဲ့ပြီး အဖွားဖြစ်သူ သည် ငယ်ရွယ်စဉ်တွင် မိမိ၏ ဖခင်ကို ဆုံးရှုံးခဲ့ရခဲ့အတွက် ကြောင့် ပညာရေး တစ်ဝက် တစ်ပြတ် ဖြစ်ခဲ့ရကြောင်း ဒုတိယတန်းမပြီးမီ ကျောင်းမှထွက်ခဲ့ပြီး အငယ်ဆုံးဖြစ်သဖြင့် မိသားစုမှ ကြီးပြင်းလာခဲ့ကြောင်း မကြာခင် အိမ်ထောင်ကျပြီး သားသမီး ၉ ယောက် (သား ၅ ယောက်၊ သမီး ၄ ယောက်) မိခင် ဖြစ်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။
ဖွာတွေမဟ်အလီ မိုဟမ္မဒ် မိမိ ကိုယ်သူ ပညာသင်ခွင့် မရခဲ့၍ မိမိ ၏ သားသမီးများ အထူးသဖြင့် မိမိ၏ သမီးများ၏ ပညာရေးကို အလေးပေးခဲ့ပြီး မိမိကဲ့သို့ ကံကြမ္မာကို မခံစားမိစေရန် ကြိုးစားခဲ့ပါတယ်။ နောက်ဆုံး ရလဒ် အနေဖြင့် မိမိ ၏သမီးနှစ်ဦးသည် Tarbiy-e-Muallim College မှဘွဲ့ရခဲ့ပြီး တတိယမြောက်သည် ငါးနှစ် သင်ကြားရေးဒီပလိုမာကိုရရှိခဲ့ပါတယ်။
အခုဆို သမီး သုံးယောက်လုံး ကျောင်းမှာ ဆရာလုပ်နေကြတယ်။ သမီးသုံးယောက်၏ သားများသည် အလယ်တန်း ပညာရေး ကို ပြီးမြောက်ပြီး ကုန်သွယ်မှု သို့မဟုတ် စက်မှုလုပ်ငန်းဆိုင်ရာ ဒီပလိုမာများ ရရှိ သောကြောင့် ဖွာတွေမဟ်အလီ မိုဟမ္မဒ် ၏ ပညာရေးအိပ်မက်ကို လက်တွေ့ အကောင် အထည် ဖော်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။
အာလာအအေဆွာမ် က မိမိ အဖွားက စာတတ်မြောက်အောင် အတန်းစတက်တော့ ကျမ်းမြတ်ကုရ်အာန်ကို ရွတ်ဆိုရန် မိမိစသင်ကြားခဲ့ရမှုကို ပြန်သတိရမိတယ်ကြောင်း ထို့နောက် မိမိ အဖွား အား စာများနှင့် ရိုးရှင်းသော စကားလုံးများ ရေးတတ်စေရန် စတင်သင်ကြားပေးခဲ့ပြီး နောက်ပိုင်းတွင် အခြားကျောင်းသားများနှင့်အတူ အတန်း တစ်ခုသို့ ပို့ပေး ခဲ့ကြောင်း ခဲ့ပါတယ်။
ဖွာတွေမဟ်အလီ မိုဟမ္မဒ် သည် မိမိ အိမ်မက်အား လက်တွေ့ အကောင်အထည် ဖော်နိုင်ရန် နေ့စဥ် နီးကပ် ခဲ့ပြီး နောက်ဆုံး စာမေးပွဲ အောင်မြင်ခဲ့ပါတယ်။
အာလာအအေဆွာမ် အနေဖြင့် ၏ မိမိ အဖွား၏ ကာလကြာရှည်စွာ ကျမ်းမြတ်ကုရ်အာန်ကို သေလာဝသ် ပြုလိုသည့် ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့သည့် အတွက် ဝမ်းမြောက် ပီတိ ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
 
             
             
                                         
                                         
                                         
                                        
Your Comment