အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ ဖော်ပြချက်အရ ပါလက်စတိုင်း မိုဂျာဟစ်ဒ် များသည် ခန်းယူနွစ် ရှိ အစ္စရေး တင့်ကားတစ်စီးကို ပစ်မှတ်ထား ဖျက်ဆီးခဲ့ပါတယ်။ရလဒ် အဖြစ် ပြင်းထန်စွာ ဒဏ်ရာရ ရှိသွားသည့် အစ္စရေး စစ်သား တစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
သေဆုံးသွားသည့် အစ္စရေး စစ်သားဟာ ပါလက်စတိုင်းအမျိုးသမီးတစ်ဦး နှင့် ကလေးသုံးဦးတို့ကို နင်းချေ ၊ ကြိတ်သတ် ခဲ့သူ ဖြစ်ပါတယ်။
ဂါဇာ စစ်ပွဲ စတင်ချိန်မှစ၍ အစ္စရေး အရာရှိများ နှင့် စစ်သား အရေအတွက် ၈၉၉ ဦး သေဆုံးခဲ့ပြီး ၎င်းတို့အနက် ၄၅၅ ဦးသည် မြေပြင်စစ်ဆင်ရေးအတွင်း သေဆုံးခဲ့ကြောင်း အစ္စရေး ချန်နယ် ၁၂ က ပြောကြားခဲ့ပါတယ်။
အစ္စရေးစစ်တပ်၏ အဆိုအရ စစ်ပွဲအတွင်း စစ်သား ၆၂၁၀ ဒဏ်ရာရခဲ့ပြီး ၉၂၅ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment