၃၁ ဩဂုတ် ၂၀၂၅ - ၁၆:၃၅
ဂီးလာန် မှ ၁၃၂ ဦးသည် အိုမရဟ်မွတ်ဖ်ရေဒဟ် ပြုရန် ထွက်ခွာ

ဟဂျ် နှင့် ဇေယာရသ် ဂီးလာန် ၏ ဒါရိုက်တာက ပြည်နယ်၏ ပထမဆုံး အိုမရဟ် အဖွဲ့ အား စေလွှတ် လိုက် ကြောင်း ကြေညာခဲ့ပြီး ဒုတိယ အဖွဲ့အား စက်တင်ဘာ ၁၀ ရက်တွင် စေလွှတ်မည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အင်တာဗျူးတစ်ခုတွင် ဟဂျ် နှင့် ဇေယာရသ်  ဂီးလာန် ၏ ၏ ဒါရိုက်တာ ဝဟီးဒ် အစ်ကန်ဒရီ က ဂီးလာန်  ပြည်နယ် ၏ ပထမဆုံး အိုမရဟ် အဖွဲ့အား ပို့ဆောင်လိုက်ကြောင်း အဆိုပါအဖွဲ့  လူပေါင်း ၁၃၂  ပါဝင် ပြီး အဆိုပါ အဖွဲ့ သည်  တီဟီရန် မြို့တော် ရှိ အေမာမ် ခိုမေနီ (ရ.ဟ) အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယနေ့နံနက်တွင် ထွက် ခွာ သွားပြီး ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

ဂီးလာန် အတွက် အိုမရဟ် ဒုတိယအဖွဲ့  ကို စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပို့ဆောင်ပေးမည်ဖြစ်ပြီး၊ ဒုတိယ အိုမရဟ် အဖွဲ့ အတွက် နာမည်ပေးခြင်း ကို my.haj.ir  ဆိုက်ဒ် တွင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

ဒါရိုက်တာ ဝဟီးဒ် အစ်ကန်ဒရီ က အိုမရဟ်မွတ်ဖ်ရေဒဟ် ပြုမည့် ဒုတိယ အဖွဲ့ သည် စက်တင်ဘာလ ၁၀ ရက်နေ့တွင် တီဟီရန် မြို့တော် ရှိ အေမာမ် ခိုမေနီ (ရ.ဟ) အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည် ဖြစ်ပြီး၊ ယခုနှစ် ၂၀၂၅ ခုနှစ် (အီရန် သက္ကရာဇ် ၁၄၀၄ ခုနှစ် ) တွင် အိမ်ထောင်ပြုထားသည့် လူငယ်စုံတွဲများ ကို ဦးစားပေးစာရင်းပေးသွင်းမည် ဖြစ်ကြောင်း လူဦးရည်မှာ ၁၃၅ ဦး ပါဝင်မည် ဖြစ်ကြောင်း ကုန်ကျစရိတ်မှာ အီရန်ငွေ ၆၅ သန်း သိုမာန် ဖြစ်မည် ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha