၁၃ စက်တင်ဘာ ၂၀၂၅ - ၂၁:၄၅
သိမ်းပိုက်ထားသော ပါလက်စတိုင်းနယ်မြေများကို ယီမင်ဒုံးကျည်ဖြင့် တိုက်ခိုက် / သတိပေးချက် ဥသြသံ များ တဲလ်အဗစ် တွင် ထွက်ပေါ်လာ

ယီမင်စစ်တပ်က ဒုံးကျည်ပစ်ခတ်မှုအပြီးတွင် တဲလ်အဗစ်မြို့တွင် အချက်ပေးဥသြသံများ စတင်မြည်လာခဲ့ပြီး ဇီယွန်ဝါဒီများ ခိုလှုံရာများသို့ တစ်ဖန် ထွက်ပြေးခဲ့ရကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Irna သတင်းဌာန ၏ အဆိုအရ ယီမင်က သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်း နယ်မြေတွေကို ဒုံးကျည်နှင့် တိုက်ခိုက် ခဲ့တာကိုလည်း အစ္စရေးစစ်တပ်က ဝင်ခံ ထားပါတယ်။

အစ္စရေးအစိုးရ၏ ပြည်တွင်းစစ်မျက်နှာကို ကိုးကား၍ ကွတ်ဒ်စ်  သတင်းကွန်ရက်က အစ္စရေးအစိုးရ၏ ဒုံးကျည် စနစ်သည် ယီမင်မှလာသော ဒုံးကျည်ကို ကြားဖြတ်ဟန့်တားရန် ကြိုးပမ်းခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

ထိုအတောအတွင်း သိမ်းပိုက်ထားသော ပါလက်စတိုင်းနယ်မြေများတွင် ယီမင်မှ ဒုံးကျည်များ ပစ်ခတ်ခံရပြီးနောက် အစ္စရေးအစိုးရ၏ ဗဟိုချက်ဖြစ်သော တဲလ်အဗစ် မြို့  တွင် လေကြောင်းတိုက်ခိုက်မှု သတိ ပေးချက် ထုတ်ပြန်ခဲ့ပြီး အချက်ပေးဥသြသံများ အချိန်အတော်ကြာအောင် ထွက်ပေါ်လာခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Your Comment

You are replying to: .
captcha