၁၉ စက်တင်ဘာ ၂၀၂၅ - ၀၈:၃၂
အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် အပေါ် အီကွေဒေါ၏ စွပ်စွဲချက်များသည် အခြေ အမြစ်မရှိ သည့် အပြင် အမေရိကန်၏ ဖိအားပေးမှုကြောင့် အီရန်ပြောကြား

အီရန်နိုင် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနသည် အီရန် အစ္စလာမ်မစ် တော်လှန် ရေး အစောင့်တပ် အပေါ် အီကွေဒေါ၏ စွပ်စွဲချက်များကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ၎င်းတို့သည် ဇီယွန်ဝါဒီ များနှင့် အမေရိကန်တို့၏ ဖိအားများကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ အထူးသဖြင့် အီရန် အစ္စလာမ်မစ် တော်လှန် ရေး အစောင့်တပ် နှင့် အခြား အီရန် လက်နက်ကိုင်တပ်ဖွဲ့များအပေါ် အီကွေဒေါ၏ စွပ်စွဲချက်များကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။

အသေးစိတ်အချက်အလက်များအရ အီကွေဒေါ၏ လုပ်ရပ်သည် တရားမျှတမှုမရှိ၊ အခြေအမြစ်မရှိ၊ နိုင်ငံတကာ ဥပဒေနှင့် ဆန့်ကျင်သည်ဟု အီရန်အစ္စလာမ်မစ် ပြည်သူ့သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ၏ အကြီးတန်းအရာရှိ ဇဲဟ်ရာအေရ်ရှာဒီ က ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ အမေရိကန် နှင့် ဇီယွန်ဝါဒီအစိုးရ၏  ဖိအားများ၊ လှုံ့ဆော်မှုများ ၏  ရလဒ်ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ညွန်ကြားရေးမှူးချုပ်နဲ့ လက်ထောက်ဝန်ကြီးက ရှင်းပြပြီး ဒီလုပ်ရပ်ဟာ အီရန်နှင့် အီကွေဒေါကြား နှစ်နိုင်ငံဆက်ဆံရေးကို ဆိုးရွားစွာထိခိုက်စေရုံသာမက နိုင်ငံတကာ ဆက်ဆံရေးမှာ လည်း အန္တရာယ်ရှိတဲ့ လမ်းကြောင်းကို ဖော်ဆောင်သွားမှာဖြစ်ကြောင်း သတိပေးပြောကြားခဲ့ပါတယ်။

အီရန်စစ်တပ်ကို ဆန့်ကျင်သည့် စစ်ဆင်ရေးမှာ အမေရိကန်က တခြားနိုင်ငံတွေ ပါဝင်ဖို့ ကြိုးပမ်းတာဟာ အီရန် အစ္စလာမ်မစ် တော်လှန် ရေး အစောင့်တပ် ၏ ဆုံးဖြတ်ချက်ကို မထိခိုက်စေနိုင်သည့်  ရယ်စရာကောင်းသည့် လှုပ်ရှားမှုဖြစ်တယ်လို့ ဇဲဟ်ရာအေရ်ရှာဒီ က ဆက်လက် ပြောပါတယ်။

ထပ်လောင်း၍ အီရန်အစ္စလာမ်မစ် ပြည်သူ့သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ၏ အကြီးတန်းအရာရှိ ဇဲဟ်ရာအေရ်ရှာဒီ က အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် သည် အီရန်ပြည်သူများကြားမှ ပေါ်ထွက်လာသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ဤအဖွဲ့အစည်းသည် အီရန်  လက်နက် ကိုင်တပ်ဖွဲ့များ ၏ အခြားဌာနခွဲများနှင့် အတူ အီရန်၏ လွတ်လပ်ရေး၊ နယ်မြေပိုင်ဆိုင်မှုနှင့် အမျိုးသားလုံခြုံရေး ကို အင်အားအပြည့် နှင့် ဂုဏ်သိက္ခာရှိရှိ ကာကွယ်ခဲ့ပြီး ဆက်လက်၍ မိမိတို့ ၏တာဝန်ကို ဆက်လက် ကျေပွန်စွာ ထမ်းဆောင်ကြမည့် အဖွဲ့ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha