၂၀ စက်တင်ဘာ ၂၀၂၅ - ၁၉:၂၈
အီရန်၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန် အမေရိကန် အဆင့်မြင့် ဒုံးကျည် များကို ဖျက်ဆီး

အစ္စရေးကို အီရန်က တိုက်ခိုက်မှုကြောင့် ဒေါ်လာ သန်း ၅၀၀ တန် အမေရိကန် ဒုံးကျည်များကို ဖျက်ဆီးပစ်ခဲ့ ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ ပင်တဂွန်၏ မှတ်တမ်းများအရ အမေရိကန်၏ အဆင့်မြင့်ဆုံး ဒုံးကျည် ကာကွယ်ရေးစနစ်သည် အစ္စရေးနိုင်ငံအား အီရန်မှ တိုက်ခိုက်စဉ်အတွင်း အပျက်အစီးများစွာ ခံစားခဲ့ရကြောင်း ဖော်ပြခဲ့ပါတယ်။

အစီရင်ခံစာအရ ဝါရှင်တန်သည် အစ္စရေးကို ကာကွယ်ရန် ဒေါ်လာ သန်း ၅၀၀ တန် ဒုံးကျည်များကို ပစ်လွှတ်ခဲ့ပြီး မအောင်မြင်ခဲ့ကြောင်း သိရပါတယ်။

ပင်တဂွန်သည် အစ္စရေးအသုံးပြုသော High Altitude Area Defense (THAAD) ဒုံးကျည်များနေရာတွင် အစားထိုးရန် ဒုံးကျည်အသစ်များဝယ်ယူရန် အရေးပေါ်ဘတ်ဂျက် ဒေါ်လာ ၄၉၈.၂၆၅ သန်းကို ပန်တဂွန်က တောင်းဆိုထားကြောင်း ဇီယွန်နစ် သတင်းစာ Times of Israel က ရေးသားခဲ့ပါတယ်။

ဇွန်လတွင် ဇီယွန်အစိုးရ၏ ၁၂ ရက်ကြာ တိုက်ခိုက်မှုအတွင်း အမေရိကန်သည် အစ္စရေးကို ကာကွယ်ရန်အတွက် ဒုံးကျည် ၁၀၀ မှ ၁၅၀ အထိ ပစ်လွှတ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Your Comment

You are replying to: .
captcha