၂၈ အောက်တိုဘာ ၂၀၂၅ - ၁၀:၂၇
ကက်ရှ်မီးယား တွင် အေမာမ် ခိုမေနီ (ရ.ဟ) အမည် နှင့်  ခရစ်ကက်အသင်း ချန်ပီယံ အဖြစ်  အနိုင်ရရှိ

အိန္ဒိယနိုင်ငံ ကက်ရှ်မီးယား တွင် အေမာမ် ခိုမေနီ (ရ.ဟ) အမည် နှင့် ခရစ်ကက်အသင်း သည် ချန်ပီယံရှစ် ဗိုလ် လုပွဲ တွင် အနိုင်ရ ၍ ချန်ပီယံ အဖြစ် အနိုင်ရရှိခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နောက်ဆုံးပွဲဖြစ်သော နွေရာသီခရစ်ကက်  ဖလားပြိုင်ပွဲ၏ ဖိုင်နယ်ပွဲကို တနင်္ဂနွေနေ့တွင် မြောက်ပိုင်း ကက်ရှ် မီးယားရှိ ဘာရာမူလာ မြို့ ဒယ်လနယ်အားကစားကွင်း၌  ခိုမေနီ (ရ.ဟ) ကလပ် ဒယ်လနယ် နှင့် KCC ကန်နစ် စပူရာတို့  အကြားတွင် ကျင်းပခဲ့ပါတယ်။

ကက်ရှ်မီးယားဒေသအသီးသီးမှ အသင်းပေါင်း ၂၄ သင်းသည် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဗိုလ်လုပွဲ တွင် ခိုမေနီ(ရ.ဟ) ခရစ်ကက်ကလပ် ဒယ်လ်နာက ပစ်ချမှုတွင် အနိုင်ရပြီး ပထမဆုံးရိုက်ရန် ရွေးချယ် ခဲ့ပြီး ၁၈ အိုဗာတွင် ၁၇၀ ရမှတ်ရရှိခဲ့ပါတယ်။ ထိုအတွက်ကြောင့်  KCC ကန်နစ် စပူရာက ၁၅.၅ အိုဗာတွင် ၁၃၀ ရမှတ် ရရှိခဲ့ပြီး ခိုမေနီ(ရ.ဟ) ခရစ်ကက်ကလပ် ဒယ်လ်နာက ၄၀ ရမှတ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ဒယ်လ်နာမြို့ရှိ ခိုမေနီ(ရ.ဟ) ခရစ်ကက်ကလပ် ကို ၁၉၈၀ ခုနှစ်တွင် မြောက်ကက်ရှ်မီးယားဒေသခံ ရှီအဟ် လူငယ်များက အေမာမ် ခိုမေနီ (ရ.ဟ) အား အောက်မေ့သတိရစေရန် တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။

ခရစ်ကက်သည် ကစားသမား ၁၁ ဦးပါ အသင်းနှစ်သင်းအကြား ဘောလုံးနှင့် ဘက်တံဖြင့် ကစားသည့် အသင်းလိုက် အားကစားနည်းတစ်ခုဖြစ်ပြီး အင်္ဂလန်၏ အဖွဲ့ချုပ်နိုင်ငံများ အထူးသဖြင့် အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံ တို့ တွင် အလွန်ရေပန်းစား လူကြိုက်များသည့် အားကစား ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha