အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ အစီရင်ခံစာ အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ က ယူရေနီယမ် တိုးပွား မှု ရပ်တန့်ခြင်း နှင့် ပတ်သက်သည့် သတင်းများ ကို ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ပါတယ်။
အသေးစိတ်အချက်အလက်များအရ Mehr News နှင့် စကားပြောဆိုစဉ် သတင်းအချက် အလက်အပြည့် အစုံရှိသော သတင်းရင်းမြစ်တစ်ခုက အီရန်အစိုးရသည် ယူရေနီယမ် တိုးပွား မှုကို ရပ်တန့်ရန် စဉ်းစားနေ သည်ဟူသော စွပ်စွဲချက်ကို လုံးဝမှားယွင်းပြီး သတင်းတု ဟု ခေါ်ဆိုခဲ့ပါတယ်။
ဒေသတွင်း မီဒီယာအချို့မှ ဖြန့်ဝေသော ဤကောလာဟလများသည် အခြေအမြစ်မရှိ၊ မှားယွင်းပြီး အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ကို စိတ်ဓာတ်စစ်ပွဲဆင်နွှဲရန်သာ ရည်ရွယ်ချက်ရှိကြောင်း သတင်းရင်းမြစ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။
အီရန်၏ နျူကလီးယားမူဝါဒသည် ဥပဒေများ၊ အမျိုးသားအကျိုးစီးပွားများနှင့် အစိုးရ၏ မဟာဗျူဟာများ နှင့်အညီ ဆက်လက်လုပ်ဆောင်နေပြီး မည်သည့်ပြောင်းလဲမှုမျှ မပြုလုပ်ရသေးကြောင်း သိရပါတယ်။
အီရန်၏ နျူကလီးယားအစီအစဉ်သည် ဥပဒေနှင့် သတ်မှတ်ထားသော မူဘောင်နှင့်အညီ ရှေ့ဆက်သွားနေချိန်တွင် ပြည်ပအဖွဲ့အစည်းများနှင့် မီဒီယာအချို့သည် နိုင်ငံရေးပတ်ဝန်းကျင်ကို လွှမ်းမိုးရန် ဝါဒဖြန့်ချိမှုများ ဖြန့်ဝေနေကြောင်းသိရပါတယ်။
ယင်းကဲ့သို့ သတင်းအတုများကို ဖြန့်ဝေခြင်းသည် လက်တွေ့နှင့် မသက်ဆိုင်သော်လည်း နိုင်ငံ၏ ဆုံးဖြတ်ချက် များအပေါ် သံသယဖြစ်စေရန် ရည်ရွယ်ချက်ဖြင့်သာ ဖြန့်ဝေခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောကြားခဲ့ ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment