အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဂိုရရိုလ်ဟေကမ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါ အတိုင်း အရဘီ စာသား လာရှိပါတယ်။
قال امیرالمؤمنين علیه السلام:
اِصْبِرْ عَلى مَرارَةِ الْحَقِّ وَ ايّاكَ اَنْ تَنْخَدِعَ لِحَلاوَةِ الباطِلِ.
အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အမှန်တရား ၏ ခါးသီးမှုနှင့် ခါးသက်မှု ကိုသည်းခံ ပါလေ။ ပြီးနောက် မုသာစကား၏ ချိုမြိန်မှုက သင့်ကို မလှည့်ဖြား မိအောင် သတိထားပါလေ။ »
ကျမ်းကိုး ။ ။ ဂိုရရိုလ်ဟေကမ် ကျမ်း ၊ ဟဒီးစ်တော် အမှတ် ၂၃၇၂
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် အမှန်တရားသည် ခါးသက်ကြောင်း ခါးသည်းကြောင်း သိနိုင်ပါတယ်။ ဤအတွက် အမှန်အတိုင်း ပြောသူကို ကျွန်ုပ်တို့ ပတ်ဝန်း ကျင်တွင် မသိစိတ်က လက်ခံပြီး ချစ်ကြသော်လည်း ပတ်ဝန်းကျင်ကိုကြောက်၍ စသည်ဖြင့် ကြောက်၍ မချစ်ကြပဲ မုန်းတီးကြပါတယ်။ ဝေးဝေးနေကြပါတယ်။ မုသားက တော့ ချိုမြိန်သည့် အတွက် လူအများစု သည် အထူးသဖြင့် ပညာမရင့်ကျက်သေးသူများ အတွေ့အကြုံ နည်းသူများ လောဘ ကြီးသူများစသည် လူများ သည် မုသာ ၏ လှည့်ဖြားခြင်းကို ကောင်းကောင်းခံရ၍ လိပ်က ဂျပိုး၊ ဂျပိုးကလိပ် ထင်ကြပါတယ်။ လက်ရှိ ကျနော်တို့၏ ပတ်ဝန်းကျင်တွင်လည်း သာဓက အများအပြားကို တွေ့မြင် ရမည် ဖြစ်ပါတယ်။ လိမ်ပြော တတ်သူများ မုသားဆိုတတ်သူများကို သူတော်စင် သူတော်ကောင်းများဟု ထင်နေသူများ အများအပြား ရှိနေပါ တယ်။
****************************************************************
END / 251
Your Comment