အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRGC (ခ) အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ် ၏ မြေပြင်တပ်ဖွဲ့များ ၏ ကွတ်ဒ်စ် ပြည်သူ့ ဆက်ဆံ ရေးဌာန သည် အကြမ်းဖက်အဖွဲ့ နှင့် ပဋိပက္ခတွင် ပါဝင်ခဲ့သော အာဇာနည်များ၏ အမည်များကို အောက်ပါအတိုင်း ကြေညာခဲ့ပါတယ်။
၁။ ပထမအဆင့် စစ်သား ရှဟီးဒ် စဂျာဒ် မရ်အရှီး
၂။ ဗစီဂျ်ဂျီ လုံခြုံရေးစစ်သား ရှဟီးဒ် မိုဟမ္မဒ် ဗဇီ
၃။ နယ်စပ် ဗစီဂျ်ဂျီ တပ်ရင်း အေမာမ် ဟိုစိုင်းန်(အ.စ) တပ်ရင်း မှ ရှဟီးဒ် အလီရေဇာ နဆီရ် အာဗါဒ်ဒီ
၄။ နယ်စပ် ဗစီဂျ်ဂျီ တပ်ရင်း အေမာမ် ဟိုစိုင်းန်(အ.စ) တပ်ရင်း မှ ရှဟီးဒ် အလီရေဇာ ပီရီ
ဤအာဇာနည်များသည် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းတွင် စစ်စတန် နှင့် ဗလူချီစတန်တို့ ပြည်နယ် ဇာဟေဒန် ၏ လာ နယ်စပ်ဒေသရှိ ကွတ်ဒ်စ် စစ် ဌာနချုပ်ပိုင် မော်တော်ယာဉ် တစ်စီးပေါ်တွင် လက်နက်ကိုင် အကြမ်းဖက် အဖွဲ့ တစ်ဖွဲ့ ၏ သူရဲဘောကြောင်သောတိုက်ခိုက်မှုတွင် အသက်ပေးခံခဲ့ရကြောင်း သိရှိရပါတယ်။
အီရန် ရန်သူများသည် အီရန်နိုင်ငံ အတွင်း သစ္စာဖောက်များ ကို အသုံးချပြီး အောက်ခြေများ ဖျက်စီးအောင် မအောင်မြင်သည့် ကြိုးပမ်းမှုများ လုပ်ခဲ့ပြီး လုပ်ဆောင်လျက်ရှိပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment