အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News သတင်းဌာန နှင့် အိန္ဒိယမီဒီယာများ ၏ အစီရင်ခံစာအရ အာသံ ပြည်နယ်အစိုးရ၏ အခြေအနေကို ထိန်းချုပ်ရန် ကြိုးပမ်းမှုများရှိနေသော်လည်း ကာဘီ အန်လောင်းတွင် တင်းမာမှုများသည် တတိယမြောက် နေ့အဖြစ် ဆက်လက်ဖြစ်ပွားနေပါတယ်။ အင်္ဂါနေ့က အကြမ်းဖက်ဆန္ဒပြမှုများတွင် လူနှစ်ဦးသေဆုံးခဲ့ပြီး ဆန္ဒပြ သူများ သည် ရဲများကို ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသောကြောင့် ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၃၈ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
တနင်္လာနေ့က ဒွန်ကာမိုကာတွင် ကာဘီ အန်လောင်း အမှုဆောင်အဖွဲ့ဝင်နှင့် အကြီးတန်း ဘီဂျေပီ (BJP ) ခေါင်း ဆောင် တလီရမ် ရုံဟန် ၏ နေအိမ်ကို မီးရှို့ခဲ့ကြကြောင်း သိရပါတယ်။
DGP (ရဲချုပ်ကြီး) ဟရ်မစ်သ်စင်းခ် က "အခြေအနေကို ထိန်းချုပ်နိုင်ဖို့ မနေ့ကကတည်းက နှစ်ဖက်စလုံးနှင့် ဆွေး နွေး မှုတွေ ပြုလုပ်နေကြောင်း မနေ့က အခြေအနေ ငြိမ်သက်သွားပေမယ့် နှစ်ဖက်စလုံးက တိုက်ခိုက်မှု တွေမှာ ကျွန်တော်တို့ရဲ့ ရဲတပ်ဖွဲ့ဝင် ၃၈ ဦး ဒဏ်ရာရခဲ့ကြောင်း ထိုအထဲ တွင် IPS ( အိန္ဒိယ ဗဟိုရဲ အဆင့်မြင့် အရာရှိ) တစ်ဦးလည်း ပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။

အာသံပြည်နယ် ဝန်ကြီးချုပ် ဟီမန်တာ ဘစ်ဝါ စရ်မာ
တစ်ချိန်တည်းမှာပင် အာသံပြည်နယ် ဝန်ကြီးချုပ် ဟီမန်တာ ဘစ်ဝါ စရ်မာက အင်္ဂါနေ့ညတွင် လူမှုမီဒီယာတွင် အခြေအနေကို ထိန်းချုပ်ရန်အတွက် ဗုဒ္ဓဟူးနေ့တွင် တောင်ကုန်းဒေသတွင် လုံခြုံရေးတပ်ဖွဲ့များ ပိုမိုချထားမည်ဟု ပြောကြားခဲ့ပါတယ်။
ပြီးနောက် အနောက် ကာဘီအန်လောင်းတွင် အကြမ်းဖက်ဆန္ဒပြမှုများအတွင်း လူနှစ်ဦးသေဆုံးပြီးနောက် အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း ဟီမန်တာဘစ်ဝါစရ်မာ က ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ် ဟီမန်တာ ဘစ်ဝါ စရ်မာ က အနောက် ကာဘီ အန်လောင်းမှာ အခြေအနေကို ကျွန်တော် အနီးကပ် စောင့်ကြည့် နေကြောင်း မငြိမ်မသက်မှုတွေအတွင်း လူနှစ်ဦး အသက်ဆုံးရှုံးခဲ့ရတာ အရမ်းဝမ်းနည်း စရာပါ ဖြစ်ကြောင်း အခြေအနေကို ပုံမှန်ဖြစ်အောင် လုပ်ဆောင်ပြီး ဆွေးနွေးမှုတွေကတစ်ဆင့် ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ဟာ သက်ဆိုင်သူအားလုံးနှင့် အဆက်မပြတ် ဆက်သွယ်နေကြောင်း ထပ်လောင်း ပြောကြား ခဲ့ပါ တယ်။
ဆက်လက်ပြီး အာသံပြည်နယ် ဝန်ကြီးချုပ် က ဝမ်းနည်းကြေကွဲရတဲ့ မိသားစုများ အတွက် ကျနော်တို့ နှလုံးသားထဲက ဝမ်းနည်းကြောင်း မိမိ တို့ အစိုးရအနေ နှင့် ထိခိုက်နစ်နာခဲ့ရတဲ့ မိသားစုအားလုံးနဲ့အတူ ရပ်တည်ပြီး လိုအပ်တဲ့ အကူအညီအားလုံးကို ပေးအပ်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment