အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဒရ်စာသိုလ်ကာအေမ် (အ.ဂျ) ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မိုဟမ္မဒ် စအီးဒ်ဒိုလ်ဟကီးမ် (ရ.ဟ) မှ မွတ်စလင်မ်မဟုတ်သူများ၏ ပွဲတော်များ အတွက် မိုဘာရတ်က် လို့ ပြောခွင့် ရှိပါသလား ? ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မိုဟမ္မဒ် စအီးဒ်ဒိုလ်ဟကီးမ် (ရ.ဟ) ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။
မေးခွန်း
မွတ်စလင်မ်မဟုတ်သူများ၏ ပွဲတော်များ အတွက် မိုဘာရတ်က် လို့ ပြောခွင့် ရှိပါသလား ?
အဖြေ
လူမှုဆက်ဆံရေးကို ထိန်းသိမ်းရန် လိုအပ်သည် ကိစ္စ တစ်ခု အဖြစ် ပြောပိုင်ခွင့်ရှိပါသည်။ သို့သော် ဤကိစ္စ အတွက် အလွန်အကျွံ မရောက်သွားဖို့တော့ လိုအပ်ပါသည်။ တစ်နည်းအားဖြင့် (အစ္စလာမ်ဘာသာအရ ) မှားယွင်းနေသည့် အရာများကို တိုးတက်အောင် ဖွံ့ဖြိုးအောင် လုပ်သည့်အခြေအနေမျိုးသို့ ရောက်သွား မည်ဆို လျင်တော့ ဟရာမ် ဖြစ်သွားမည် ဖြစ်ပါသည်။
အနှစ်ချုပ် - အဖြေသည် ရှင်းလင်းနေပါတယ်။ ပို၍ လွယ်ကူစွာ နားလည် နိုင်အောင် ပြောရမည်ဆိုလျင် မွစ်လင်မ် မဟုတ်သူများ၏ ပွဲတော်များ (ဥပမာ – ခရစ်စမတ်၊ ဒီဝါလီ စသဖြင့်) တွင် မိုဘာရတ်က် ပါ အဓိပ္ပာယ် အားဖြင့် “မင်္ဂလာပါ၊ ပျော်ရွှင်ပါစေ” လို့ မိမိ မိတ်ဆွေ ၊သူငယ်ချင်း ခရစ်ယာန်များ ၊ဟိန္ဒိူများ စသည် တို့ အား လူမှုရေးအတွက် ပြောလျင် ပြောပိုင်ပါတယ်။ ဒါပေမယ့် သူတို့ ဘာသာ ရေးအယူအဆကို ကိုယ်က လက်ခံသလို မဖြစ်အောင် တော့ သတိထားရမည် ဖြစ်ပါတယ်။
ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251
Your Comment