အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်၏ အီဂျစ်ရှိ “အကျိုးစီးပွားကာကွယ်ရေးရုံး” မှ ထုတ်ပြန်ချက်အရ ဟောင်ဇေအေလ်မီယေများ ၏ ကျောင်းအုပ်ကြီး အာယာသွလ္လာဟ် အလီရဇာ အအ်ရာဖီ သည် ရှိက်ခ်ခိုလ်အဇ်ဟရ် ဒေါက်တာ အဲဟ်မဒ် အလ်သွယစ်ဗ် ထံသို့ စာရေးပို့ကာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ၂၀၂၆ အတွက် စီစဉ်ထားသော ဘေးထွက် အစီအစဉ်များအပေါ် ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရားဆိုင်ရာ စိုးရိမ်ချက်များကို ဖော်ပြခဲ့ပါတယ်။
အထူးသဖြင့် အီရန်နှင့် အီဂျစ် အမျိုးသားဘောလုံးအသင်းများ ဆုံတွေ့နိုင်သည့် ပြိုင်ပွဲနှင့် ဆက်စပ်သည့် အပြင်ဘက်အစီအစဉ်များကို ရည်ညွှန်းကာ၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် မကြာသေးမီနှစ်များအတွင်း ပါဝင်လာသော အချို့သော ဘေးထွက် အစီအစဉ်များ သည် အစ္စလာမ်ဘာသာရေးနှင့် ယဉ်ကျေးမှုတန်ဖိုးများနှင့် မကိုက်ညီသဖြင့် အစ္စလာမ်ကမ္ဘာ၏ ပညာရှင်များနှင့် လူထုအကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေကြောင်း အာယာသွလ္လာဟ် အလီရဇာ အအ်ရာဖီ က ထောက်ပြခဲ့ပါတယ်။
ဆက်လက်ပြီး လူ့ဂုဏ်သိက္ခာနှင့် လူမှုရေး ကိုယ်ကျင့်တရားကို ထိန်းသိမ်းရာတွင် အယ်လ်အဇ်ဟရ်၏ သမိုင်းဝင် နှင့် ထင်ရှားသော အခန်းကဏ္ဍကို ရည်ညွှန်းပြီး အစ္စလာမ်ကမ္ဘာရှိ ပညာ နှင့် ဘာသာရေးအဖွဲ့အစည်းများ အယ်လ် အဇ်ရ်ရှရီးဖ် နှင့် အီရန်၏ ဟောင်ဇေအေလ်မီယေများ အကြား ဆွေးနွေးညှိနှိုင်းမှုကို ပိုမိုအား ကောင်းစေ ရန် အဆို ပြုခဲ့ပြီး ကမ္ဘာ့အဆင့်ပေါ်တွင် အစ္စလာမ်အသိုင်းအဝိုင်း၏ ယဉ်ကျေးမှုနှင့် ဘာသာရေး တန်ဖိုးများကို သင့်တော်စွာ ဖော်ပြနိုင်ရန် ရည်ရွယ်ကြောင်း ဆို ခဲ့ပါတယ်။
ဤစာကို ၂၀၂၆ ကမ္ဘာ့ဖလားကို အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အခြေအနေတွင် ပေးပို့ခဲ့ခြင်းဖြစ်ပြီး အုပ်စုအဆင့်တွင် အီရန်နှင့် အီဂျစ်တို့ တွေ့ဆုံနိုင်ခြေရှိခြင်းကြောင့် ဤပွဲနှင့် ဆက်စပ် နေသော ယဉ်ကျေးမှုနှင့် ကျင့်ဝတ်ဆိုင်ရာ ကိစ္စရပ်များကို ပိုမိုအာရုံစိုက်လာစေခဲ့ကြောင်း ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment