အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကိုင်ရိုနှင့် အဘူဒါဘီအစိုးရများ သည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မွတ်စလင်ညီနောင်များအဖွဲ့ (အစ်ခ်ဝါ နိုလ်မွတ်စ်လေမီးန်) ၏ လက်ခွဲများကို အကြမ်းဖက်အဖွဲ့များ စာရင်းတွင် ထည့်သွင်းရန် ချမှတ်ခဲ့သော အဆုံး အဖြတ်ကို ကြိုဆိုခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးဌာနက မွတ်စလင်ညီနောင်များ အဖွဲ့၏ အီဂျစ်၊ လက်ဘနွန်နှင့် ဂျော်ဒန် ရှိ လက်ခွဲ များကို အမေရိကန်၏ အကြမ်းဖက်မှုစာရင်းတွင် အမြင့်ဆုံးအဆင့်ဖြစ်သော « နိုင်ငံခြား အကြမ်း ဖက်အဖွဲ့ » အဖြစ် သတ်မှတ်ကြေညာခဲ့ခြင်းကို အဘူဒါဘီမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါတယ်။
အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ယနေ့ တရားဝင်ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ အမေရိကန်၏ လုပ်ဆောင်ချက်ကို ကြိုဆိုထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြီးခဲ့သည့် အင်္ဂါနေ့ တွင် မွတ်စလင်ညီနောင်များ အဖွဲ့၏ အီဂျစ်၊ လက်ဘနွန်နှင့် ဂျော်ဒန်ရှိ လက်ခွဲအားလုံးကို ၎င်းတို့၏ အကြမ်းဖက်စာရင်းတွင် ထည့်သွင်းခဲ့ပြီးနောက် အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး မာကို ရူဘီယို က ဤဆုံးဖြတ်ချက်နှင့်ပတ်သက်၍ « ၎င်းတို့ ခေါ်ဆိုသော အကြမ်းဖက် မှုအတွက် ငွေကြေးအရင်းအမြစ်များကို ဖြတ်တောက်ရန် ရှိရှိသမျှသော နည်းလမ်းအားလုံးကို အသုံးပြု သွား မည် » ဟု ပြောကြားခဲ့ ပါတယ်။
ဤလုပ်ဆောင်မှုကြောင့် အထက်ပါ အဖွဲ့အစည်းများ၏ အမေရိကန်နိုင်ငံရှိ ပိုင်ဆိုင်မှုများ ဖမ်းဆီးခံရမည်ဖြစ်ပြီး ၎င်းတို့နှင့် ဆက်ဆံမှု သို့မဟုတ် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရာဇဝတ်မှုအဖြစ် သတ်မှတ်မည်ဖြစ်ကာ အဆိုပါအဖွဲ့ဝင်များသည် အမေရိကန်ပြည်ထောင်စု နယ်မြေအတွင်းသို့ ဝင်ရောက်ခွင့် ရရှိမည်မဟုတ်ကြောင်း သိရပါတယ်။
ယခင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က နိုဝင်ဘာလ ၂၃ တွင် မွတ်စလင်ညီနောင်များအဖွဲ့ကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ရန် စီစဉ်ထားကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်လျက်ရှိ ကြောင်း ပြောကြားခဲ့ပါတယ်။
ထရမ့် က အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေများအရ သမ္မတအဖြစ် သူပိုင်ဆိုင်သည့် အခွင့် အာဏာများကို အသုံးပြု၍ မွတ်စလင်ညီနောင်အဖွဲ့၏ လက်ခွဲအချို့ သို့မဟုတ် အောက်ဖွဲ့စည်းပုံများကို နိုင်ငံခြား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ရန် စစ်ဆေးရန် အမိန့်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
ထရမ့်က ဤအမှုဆောင်အမိန့် ကို လက်မှတ်ရေးထိုးခြင်းဖြင့် နိုင်ငံခြားရေး နှင့် ဘဏ္ဍာရေးဝန်ကြီးများအား မွတ်စလင် ညီနောင်များအဖွဲ့၏ လက်ဘနွန်၊ အီဂျစ်နှင့် ဂျော်ဒန်ရှိ လက်ခွဲများအား နိုင်ငံခြား အကြမ်းဖက်အဖွဲ့များ အဖြစ် သတ်မှတ်သင့်၊ မသတ်မှတ်သင့်ကို အစီရင်ခံရန် ညွှန်ကြားခဲ့ပါတယ်။
မွတ်စလင်ညီနောင်များအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ရန် အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်သည် ပြည်တွင်း နှင့် ပြည်ပမှ ဖိအားများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ယင်းဖိအားများသည် ဇီယွန်ဝါဒီ (ဆိုက်ယူနစ်) အုပ်စု၏ အကျိုးစီးပွားများနှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း သိရပါတယ်။ ဤအမိန့်တွင် မွတ်စလင်ညီနောင် များအဖွဲ့သည် အမေရိကန်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော ဟားမတ်စ် ကဲ့သို့သော အဖွဲ့ အစည်း များ ကို ထောက်ခံအားပေးသည်ဟု စွပ်စွဲထားပါတယ်။
#သတင်းမှန်များကို အချိန်နှင့် တပြေးညီအများပြည်သူသိနိုင်ရန် မိမိတို့ အသုံးပြုသည့် Facebook / Telegram / Instagram /Twitter / Viber / Tiktok စသည်တို့တွင် Share ပေးကြပါရန် လေးစား စွာ မေတ္တာ ရပ်ခံအပ်ပါတယ်။ ကြိုတင်ကျေးဇူးတင်ရှိပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment