၂၀ ဇန်နဝါရီ ၂၀၂၆ - ၀၀:၃၁
အစ္စလာမ်မီ မဟုတ်သည့် ပတ်ဝန်းကျင်တွင် ဟေဂျာဗ် ကို စွဲမြဲစွာ ဝတ်ခြင်း

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ အီ မှ အစ္စလာမ်မီ မဟုတ်သည့် ပတ်ဝန်းကျင်တွင် ဟေဂျာဗ် ကို စွဲမြဲစွာ ဝတ်ခြင်း ကိစ္စ နှင့်ပတ်သက် ပတ်သက် သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency  ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ အစ္စလာမ်မီ မဟုတ်သည့် ပတ်ဝန်းကျင်တွင် လူ့အဖွဲ့အစည်းများတွင် ဟေဂျာဗ်ဝတ်ဆင်ရန် ဝါဂျစ်ဗ်  ဖြစ်လား? မဖြစ်လား ? ဆိုသည့် ကိစ္စ မှာ အမြဲတမ်း မေးခွန်း ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အချို့သူများသည် မိမိတို့၏ ဟေဂျာဗ် မဝတ်ဆင်မှုကြောင့် အခြားသူများ အပြစ် (ဂိုနာဟ်) ကျူးလွန်မည်ဟု စိုးရိမ်စရာ မရှိပါက ၊ ထိုအရာ၏ ရှရီအီ ဆိုင်ရာ တားမြစ်ချက် သည် သက်သာသွားနိုင်သည်ဟု ယူဆကြပါတယ်။ သို့သော် ဟေဂျာဗ် ၏ အမိန့်တော် သည် အချိန်၊ နေရာ သို့မဟုတ် အခြားသူများ၏ အမြင်အပေါ် မှီခိုခြင်းမရှိကြောင်းကို ရှင်းလင်းစွာသိရှိထားရမည်ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့်ပတ်သက်၍ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ် မာ ဆယက်ဒ် အလီခါမေနာ အီ ထံသို့ မေးမြန်းခဲ့သည့် မေးခွန်းနှင့် သူ၏ အဖြေကို အောက်တွင် ဖော်ပြလိုက် ပါတယ်။

မေးခွန်း

ဟေဂျာဗ် မဝတ်ခြင်းကြောင့် အခြားသူတစ်ဦးတစ်ယောက်မှ အပြစ်ကျူးလွန်ခြင်း ဖြစ်စေမည်မဟုတ်သည့် နေရာမျိုးတွင် အမျိုးသမီးများ ဟေဂျာဗ် ဝတ်ရန် လိုအပ်ပါသလား? (ကျန်သော ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို အပြည့်အဝ ဖုံးအုပ်ထားမည် ဖြစ်ပါသည်။ ) ဥပမာအားဖြင့် ဥရောပနိုင်ငံများတွင် ဟေဂျာဗ် ကို အလေး ထားခြင်း မရှိကြ ချေ။  အမျိုးသမီးတစ်ဦး၏ ဆံပင်များ မြင်ရခြင်းမှ မည်သို့သော မကောင်းမှု ဖြစ်နိုင်ပါသနည်း?

အဖြေ

အမျိုးသမီးတိုင်းအပေါ် ဟေဂျာဗ် ဝတ်ရန် ဝါဂျစ်ဗ် (မပြုမနေရ) ဖြစ်ပါသည်။ ထိုအမျိုးသမီး၏ ဟေဂျာဗ် မဝတ်ခြင်း ကြောင့် အခြားသူတစ်ဦးတစ်ယောက်မှ အပြစ်ကျူးလွန်ခြင်း မရှိနေသည်ဖြစ်ပါစေ (ဟေဂျာဗ် ဝတ်ရ မည် ဖြစ်ပါသည်။ )

မှတ်ချက်  ။ ။  ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါ မေနာ အီ ၏ အဖြေ ကိုကြည့်ခြင်း ဖြင့် ဟေဂျာဗ် ၏ အရေးကြီး မှု ကို ထင်ရှားစွာတွေ့မြင်ရမည် ဖြစ်ပါတယ်။ ဟေဂျာဗ် ကို  ဗလီ သို့ သွားချိန် ၊ အေမာမ် ဘာရာသို့ သွားချိန် မှာသာ ဝတ်ရမည် မဟုတ်ဘဲ နဲဟ်မဲဟ်ရမ်များ ရှိသည့် နေရာတိုင်း တွင်လည်း ဝတ်ရမည်ဖြစ်ပါတယ်။ ရှီအဟ်ဖေရ်ကာ အရ သေဆုံးသွားသည့် အမျိုးသမီး အား ကဖန် ဝတ်ပေးချိန် ဟေဂျာဗ် ပါ ဝတ်ပေးရမည် ကို ကြည့်ခြင်းဖြင့် ဟေဂျာဗ် ၏ အရေးပါမှုကို ခန့်မှန်း နိုင်မည် ဖြစ် ပါတယ်။ ရှီအဟ် မွတ်စလင်မ် အမျိုးသမီးတိုင်း ဟေဂျာဗ် ဝတ် နိုင်ကြပါစေ။

ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha