၂၆ ဇန်နဝါရီ ၂၀၂၆ - ၂၃:၅၈
အီရန်နိုင်ငံက နိုင်ငံပေါင်း ၄၄ နိုင်ငံ ပါဝင်သည့် အာရှပါလီမန်ညီလာခံကို လာမည့်နှစ်တွင် လက်ခံကျင်းပမည်

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ၏ ပါလီမန် ဒုတိယဥက္ကဋ္ဌက အာရှပါလီမန်ညီလာခံ (Asian Parliamentary Assembly – APA) သည် လာမည့် အထွေထွေညီလာခံကို ကျင်းပရန်အတွက် တီဟီရန်မြို့‌တော်ကို အိမ်ရှင်မြို့ အဖြစ် ရွေးချယ်ခဲ့ကြောင်း ဖြစ်ပြီး အာရှတိုက်ရှိ နိုင်ငံပေါင်း ၄၄ နိုင်ငံမှ ပါလီမန်ကိုယ်စားလှယ်အဖွဲ့များ ပါဝင်တက်ရောက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သည် လာမည့်နှစ်တွင် အာရှပါလီမန်ညီလာခံ၏ အထွေထွေညီလာခံကို လက်ခံကျင်းပမည်ဖြစ်ပြီး၊ အဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီချက် ဖြင့် တီဟီရန်မြို့တော် ကို အိမ်ရှင်အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။  အဆိုပါညီလာခံတွင် အာရှနိုင်ငံ ၄၄ နိုင်ငံ၏ ပါလီမန်ကိုယ်စားလှယ်အဖွဲ့များ ပါဝင်တက်ရောက်မည် ဖြစ်ပါတယ်။

အီရန်ပါလီမန် ဒုတိယဥက္ကဋ္ဌ ဟမီးဒ် ‌ရေဇာ ဟာဂျီဘာဘာယီ က ဘာရိန်းနိုင်ငံ၌ ကျင်းပခဲ့သော အာရှ ပါလီမန်ညီလာခံ ၁၆ ကြိမ်မြောက်အစည်းအဝေးအတွင်း ပြုလုပ်ခဲ့သည့် အလုပ်အမှုဆောင် ကောင်စီ အစည်းအဝေး တွင် အီရန်ကို စီးပွားရေးနှင့် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမြဲတမ်းကော်မတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး လာမည့် အထွေထွေညီလာခံကို တီဟီရန်မြို့တော် ၌ ကျင်းပခြင်းသည် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ပါလီမန်အခန်းကဏ္ဍအပေါ် ယုံကြည်မှုကို ပြသခြင်းဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။

အီရန်သည် အာရှပါလီမန်ညီလာခံ၏ တည်ထောင်သူများထဲတွင် ပါဝင်ပြီး အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘော တူညီချက်ကို ကမ္ဘာ့အဆင့်တွင် အီရန်အတွက် အဓိကသံတမန်ရေးအောင်မြင်မှုတစ်ခုအဖြစ် သတ်မှတ်ခံ ထားရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha