အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ အစီရင်ခံစာအရ အာရပ်နိုင်ငံရေးနှင့် စစ်ရေး လေ့လာသုံးသပ်သူ အလီ ဟာမီယာ က အီရန်အပေါ် စစ်ရေးအရ ကျူးကျော်မှုတစ်စုံတစ်ရာ၏ ပြင်းထန်ပြီး ကျယ်ပြန့်သော ဒေသတွင်း အကျိုး ဆက်များ ကို သတိပေးခဲ့ပြီး ထိုကဲ့သို့သော အစီအမံများ၏ အကျိုးသက်ရောက်မှုများကို ဘယ်တော့မှ ထိန်းချုပ်နိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
Al-Ma'uluma News ၏ အဆိုအရ စစ်ရေးနှင့် မဟာဗျူဟာရေးရာကျွမ်းကျင်သူ အလီ ဟာမီယာ က အီရန်အပေါ် တိုက်ခိုက်မှု တစ်စုံတစ်ရာသည် ခိုင်မာပြီး အားကောင်းကာ ဆုံးဖြတ်ချက်ချနိုင်သော တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ် လာလိမ့်မည်ဟု အလေးပေးပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံသည် အမေရိကန်ရေတပ်သင်္ဘောများ၏ လှုပ်ရှားမှုများနှင့် ဒေသတွင်းတွင် လက်ရှိစစ်ရေး လှုပ်ရှားမှုများ အကြောင်း ပြည့်စုံပြီး တိကျသော သတင်းအချက်အလက်များ ရရှိထားပြီး တိုက်ရိုက် ကျူးကျော်မှုဖြစ်ပွားပါက တီဟီရန်သည် ၎င်း၏ အပြည့်အဝကာကွယ်ရေးနှင့် စစ်ရေးအင်အားကို အသုံးပြုရန် အပြည့် အဝပြင်ဆင်ထားကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါတယ်။
အလီ ဟာမီယယ်၏ အဆိုအရ အီရန်၏ တုံ့ပြန်မှုသည် မည်သည့်နည်းဖြင့်မျှ ပြသခြင်း သို့မဟုတ် သင်္ကေတဆန်ခြင်း မဟုတ်ဘဲ တုံ့ပြန်မှု၏ အဆင့်နှင့် သဘောသဘာဝနှင့်အညီ တိကျပြီး ထိရောက်မှုရှိမည်ဖြစ် ပါတယ်။
အမေရိကန်၏ အီရန်ကို တိုက်ခိုက်ရန် ခြိမ်းခြောက်မှုများသည် အမှန်တကယ်တွင် တီဟီရန်အပေါ် နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ တောင်းဆိုမှုများ ပြဋ္ဌာန်းရန် ရည်ရွယ်သည့် အမြင့်ဆုံးဖိအားပေးရေး မူဝါဒ၏ တစ်စိတ် တစ်ပိုင်းဖြစ်ပါတယ်။
ဆက်လက်ပြီး အမေရိကန်သည် ဒေသတွင်း၌ အားနည်းလာနေသော ကိုယ့်ရပ်တည်မှုကို မီဒီယာလှုံ့ဆော်မှုများနှင့် စစ်ရေးတင်းမာမှုကို တိုးမြှင့်ခြင်းများဖြင့် ပြန်လည် တည်ဆောက်လိုနေကြောင်း၊ သို့သော် အမေရိကန် ကိုယ်တိုင်မှာ ပြင်းထန်သော အတွင်းရေးရာ အကြပ်အတည်းများကို ရင်ဆိုင်နေရကြောင်း အလီ ဟာမီယာ က ပြောကြားခဲ့ပါတယ်။
ထိုနည်းတူပင် အစ္စရေးနိုင်ငံလည်း အလွန်အမင်း ပြင်းထန်သော အတွင်းရေးရာ အကြပ်အတည်းများ၊ လူမှုရေးနှင့် နိုင်ငံရေး ခွဲခြားကွဲပြားမှုများ ပိုမိုကြီးထွားလာခြင်းတို့ကို ကြုံတွေ့နေရကြောင်း အမေရိကန်နှင့် အစ္စရေးနိုင်ငံ များအတွင်းရှိ အတွင်းရေးရာ တင်းမာမှုများနှင့် အကြပ်အတည်းများ၏ ပြင်းထန်မှုသည် အီရန်နိုင်ငံ ၏ အတွင်း ရေးရာ အခြေအနေများနှင့် နှိုင်းယှဉ်ပါက များစွာ ပိုမိုပြင်းထန်ကြောင်း၊ အီရန်နိုင်ငံကတော့ အမျိုးမျိုးသော အကြပ်အတည်းများကို ခိုင်မာသော မဟာဗျူဟာများဖြင့် စနစ်တကျ ကိုင်တွယ်နိုင်ကြောင်းကို အကြိမ်ကြိမ် သက်သေပြထားပြီးဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
နောက်ဆုံးတွင် အလီ ဟာမီယာ က အီရန်ကို ဆန့်ကျင်သည့် မည်သည့် စစ်ရေး လုပ်ရပ်မဆို ဒေသအနှံ့ သက်ရောက်မှုများမှာ အလွန်ကျယ်ပြန့်လာနိုင်ပြီး၊ ထိုသို့သော အကျိုးဆက်များကို မည်သူမဆို ထိန်းချုပ်နိုင်မည့် အခြေအနေ မရှိတော့နိုင်ကြောင်း သတိပေးပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment