၂၉ ဇန်နဝါရီ ၂၀၂၆ - ၁၂:၄၆
အီရန်နှင့် ဒေသတွင်း ကို အမေရိကန် ၏ စစ်ဆင်ရေးဖြစ်နိုင်ခြေကို တရုတ်သတိပေး

ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး နှင့် အမြဲတမ်းကိုယ်စားလှယ်သည် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ အပေါ် အမေရိကန်၏ ကျူးကျော်မှုနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီအား ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Irna သတင်းဌာန ၏ အစီရင်ခံစာအရ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး နှင့် အမြဲတမ်းကိုယ်စားလှယ် ဖု ကန်ဂ် (Fu Cong) သည် အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာတွင်  စစ်ပွဲ၏ တိမ်တိုက်များ မြင်တွေ့‌ နေရ သောကြောင့် အီရန်နိုင်ငံ၏ လက်ရှိအခြေအနေသည် အလွန်အမင်း အာရုံစိုက်မှုကို ဆွဲဆောင် နေကြောင်း ပြောကြားခဲ့ပါ တယ်။

 အီရန်နိုင်ငံသည် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်ပြီး ၎င်း၏ကိစ္စရပ်များကို အီရန် ပြည်သူများ ကိုယ်တိုင် ဆုံးဖြတ်သင့်ကြောင်း အမေရိကန် ဝင်၍ မရှုပ်သင့်ကြောင်း ဖု ကန်ဂ် က ဆက်လက် အလေး ပေး ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးက အီရန်၏ တည်ငြိမ်မှု၊ အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ ခိုင်မြဲမှုကို မိမိတို့ နိုင်ငံမှ ခိုင်မာစွာ ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha