အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ အစီရင်ခံစာအရ အဆိုအရ ဆော်ဒီအာရေဗျ အကြီးတန်းအရာရှိတစ်ဦးက Asharq Al-Awsat သတင်းစာနှင့် အင်တာဗျူးတစ်ခုတွင် ဒေသတွင်း ဖြစ်ပေါ်နေသည့်ကိစ္စ နှင့် ပတ်သက်၍ ဆော်ဒီကာကွယ် ရေးဝန်ကြီး ခါလစ်ဒ်ဘင်န်စလ်မာန် ၏ ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ Axios မှ ထုတ်ဝေသော သတင်းများ သည် မမှန်ကန်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေဗျရဲ့ ရပ်တည်ချက်က တသမတ်တည်းရှိတယ်လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ရီယာ့ဒ်ဟာ အမေရိကန်နဲ့ အီရန်ကြား အငြင်းပွားနေတဲ့ ပြဿနာ အားလုံး အတွက် ငြိမ်းချမ်းတဲ့ ဖြေရှင်းချက်တစ်ခု ရရှိအောင် ဆွေးနွေးမှုနဲ့ သံတမန်ရေး လမ်းကြောင်း များ ကတစ်ဆင့် တင်းမာမှု တွေကို လျှော့ချပြီး ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်မှုကို ခိုင်မာအောင် လုပ်ဆောင်ဖို့ ဆက်လက် ကြိုးပမ်းမှုများ ကို ထောက်ခံပါတယ်။
သတင်းရင်းမြစ်က ဆော်ဒီအာရေဗျသည် အီရန်အပေါ် စစ်ရေးအရ လုပ်ဆောင်မှုများအတွက် မိမိ ၏လေပိုင်နက် သို့မဟုတ် မြေပြင်ကို အသုံးပြုခြင်းအား ပြတ်ပြတ်သားသား ကန့်ကွက်ထားကြောင်း ရီယာ့ဒ်သည် တင်းမာမှုများ ကို ရှောင်ရှားပြီး နိုင်ငံရေးအရ ဖြေရှင်းချက်များဆီသို့ ဦးတည်သည့် မူဝါဒကို ကျင့်သုံးရန် ကတိပြုထားကြောင်း ဆိုထားပါတယ်။
ဤအဆိုအရင်းအမြစ်၏ ထုတ်ပြန်ချက်တွင် Axios ကဆိုသည့် ဆော်ဒီ ကာကွယ်ရေး ဝန်ကြီး၏ အဆိုအား အတည် မပြုနိုင်ကြောင်း ဖော်ပြထားပါတယ်။ အဆိုပါအရင်းအမြစ်က ဆက်လက်ပြီး ဤအဆိုသည် ဆော်ဒီ အာရေဗျ ၏ တရားဝင်မူဝါဒကို ကိုယ်စားပြုခြင်းမဟုတ်ကြောင်း ရီယာ့ဒ်သည် အီရန်၏ အချုပ်အခြာအာဏာကို လေးစားကြောင်းနှင့် ဒေသတွင်း အန္တရာယ်ရှိသော အကျိုးဆက်များ ဖြစ်ပေါ်စေမည့် မည်သည့် စစ်ရေး လုပ်ဆောင်မှုတွင်မျှ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ဆော်ဒီ နိုင်ငံ သည် ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်များ နှင့် သံတမန်ရေးဆိုင်ရာ ဖြေရှင်းချက်များကို ရှာဖွေရန် ဆက်လက်လုပ်ဆောင်နေပြီး ဒေသတွင်းရှိ မည်သည့် စစ်ရေးပဋိပက္ခအသစ်မဆို ဘက်အားလုံးအတွက် ကြီးမားသော ကုန်ကျစရိတ်များ ရှိကြောင်း ဖော်ပြထား ပါတယ်။
အမေရိကန် ၊အစ္စရေး တို့၏ အလွန်အောက်တန်း ကြသည့် လုပ်ရပ်များ မှာ တစ်ချို့ မှာ အီရန်ပြည်သူများ နှင့် လက်ရှိအစိုးအကြား အဆင်မပြောဖြစ်အောင် ဆူပူသောင်းကြမ်းမှုများဖြစ်အောင် သစ္စာဖောက်များကို ငွေကြေး အမြှောက်အများပေး၍ ခိုင်းခြင်း ၊ မွတ်စလင်မ်များ အကြား အထူးသဖြင့် ဆော်ဒီ နှင့် အီရန် အကြား စွန်နီရှီအဟ် ခေါင်းစဥ် စသည်ဖြင့် အထင်မှားအမြင်မှားအောင် စည်းရုံးပျက်စီးအောင် လုပ်ဇာတ်များ ပြုနေခြင်း တို့ ဖြစ်ပါ တယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment