၉ ဖေဖော်ဝါရီ ၂၀၂၆ - ၂၃:၅၀
ဗလီဝတ်ကျောင်းတော်တွင် နမာဇ် ဝတ်ပြုခြင်း ၏ အရေးပါမှု

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် ဗလီဝတ်ကျောင်းတော်တွင် နမာဇ် ဝတ်ပြုခြင်း ၏ အရေးပါမှု ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဝစာအေလွတ်ရှ်ရှီအဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါ အတိုင်း အရဘီ စာသား လာရှိပါတယ်။

قال رسول اللہ صلی اللہ علیه وآله وسلم :

لا صَلاةَ لِمَنْ لا يُصَلّي فِي الْمَسْجِدِ مَعَ الْمُسْلِمِينَ إِلّا مِنْ عِلَّةٍ.

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

«  မည်သည့် အကြောင်းပြချက်မျှ မရှိဘဲ မွတ်စလင်မ် များနှင့်အတူ မတ်စ်ဂျစ်ဒ် ဝတ်ကျောင်းတော်တွင် စုပေါင်း၍ နမာဇ်ဝတ်မပြုသူ၏ နမာဇ်သည် ( ပြည့်စုံသည့်အကျိုးရှိသည့်) နမာဇ် ကို မရရှိနိုင်ချေ။ »

ကျမ်းကိုး ။ ။ ဝစာအေလွတ်ရှ်ရှီအဟ် ကျမ်း  ၊ အတွဲ ၅  ၊ စာမျက်နှာ ၃၉၄ ၊ ဟဒီးစ်တော် အမှတ် ၁၃

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ အနေဖြင့် မတ်စ်ဂျစ်ဒ် ဝတ်ကျောင်းတော်တွင် စုပေါင်း၍ နမာဇ် ဝတ်ပြုခြင်း (ခ) ဂျမာအသ် နမာဇ် ၏ အရေးပါမှုကို သိရှိရမည် ဖြစ်ပါတယ်။ ဤအတွက်ကြောင့်  အတတ်နိုင်ဆုံး နမာဇ် အား  ဗလီဝတ်ကျောင်းတော် တွင် ဂျမာအသ် နှင့် အတူ ဝတ်ပြုနိုင်ရန် ကြိုးပမ်းရမည် ဖြစ်ပါတယ်။ မည်သည့် တရားဝင်အကြောင်းပြချက် (ဥပမာ – ဖျားနာခြင်း၊ ခရီးထွက်နေရခြင်း၊ မိုးလေဝသ အလွန်ဆိုးရွားခြင်း စသည်) မရှိဘဲ၊ မွတ်စလင်မ်များနှင့်အတူ မတ်စ်ဂျစ်ဒ် ဝတ်ကျောင်းတော်တွင် စုပေါင်းနမာဇ် မဝတ်ပြုသူ၏ နမာဇ်သည် ပြည့်စုံသော အကျိုး၊ အဆင့်မြင့်သော နမာဇ် ကို မရနိုင်ကြောင်း အဓိပ္ပါယ်ပေး ထားခြင်း ဖြစ်ပါတယ်။  ၎င်းအပြင် နမာဇ် လုံးဝမဖြစ်” ဟု မဆိုလိုဘဲ၊ ပြည့်စုံသည့် အကျိုး နှင့် ဆုလာဘ် မရ နိုင်ခြင်း ကို ဆိုလိုခြင်းဖြစ်ကြောင်း သဘောပေါက်ရပါမည် ဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha