၉ ဖေဖော်ဝါရီ ၂၀၂၆ - ၂၃:၅၀

ရှရီအီ ဆိုင်ရာ မေးခွန်း အချို့ နှင် အဖြေ များ ကို အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ ၏ ချစ်ပရိသတ်များ အတွက် ဘာသာရေး ဗဟုသုတ တိုးပွားရန် အတွက် တင်ပြအပ်ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မေးခွန်း - ဟင်းသီးဟင်းရွက် ရောင်းစားသူ အနေဖြင့် မိမိ ဟင်းသီးဟသ်းရွက်များကို လတ်လတ်ဆတ်ဆတ် ဖြစ်ကြောင်း ပြသရန် ရေဖြန်းခြင်း လုပ်ရပ်သည် ပိုင်ပါသလား?

အဖြေ - မပိုင်ပါ။

မေးခွန်း - မုတ်ဆိတ် မည်မျှ အထိ ထားရမည် ဖြစ်ပါ သနည်း?

အဖြေ - လူများ အနေဖြင့် မျက်နှာ ပေါ် တွင် မုတ်ဆိတ်ထားသည်ဟုဆိုသည်အထိ ထားထားလျင် ရပြီး ဖြစ်ပါတယ်။

မေးခွန်း - ဆံသသူအနေဖြင့် မုတ်ဆိတ် ရိတ်ခ ယူခြင်းသည် မည်သို့ အမိန့်ရှိပါသနည်း ?

အဖြေ - ဟရာမ် ဖြစ်ပါတယ်။

မေးခွန်း -အကယ်၍ တစ်ဦး တစ်ယောက် မှ လက်ဆောင် ပစ္စည်း အဖြစ် ဆုငွေ ပေးလျင် ယူပိုင်ခွင့် ရှိပါသလား?

အဖြေ - ယူနိုင်ပါသည်။

မေးခွန်း - မိုအ်မင် တစ်ဦးတစ်ယောက် ၏ ဝင်ငွေသည် ဟလာလ် ဝင်ငွေလား? ဟရာမ် ငွေလားဆိုပြီး သိအောင် စုံစမ်း ရန် အရေးကြီးပါသလား?

အဖြေ - ဝါဂျစ်ဗ် မဟုတ်ပါ။

မေးခွန်း - သားသတ်ခြင်း ဖြင့် အသက်မွေး ဝမ်းကြောင်း ပြု ခြင်း(အမဲသည်၊ကြက်သည်စသည်ဖြင့် ) သည် တရားတော် အရ မည်သို့ လာရှိပါသနည်း?

အဖြေ - မကရူဟ် ဖြစ်ပါတယ်။

တင်ပြသူ

မဒရ်စာသိုလ်ကာအေမ် (အ.ဂျ) /ပါကစ္စတန်

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha